အပိုင်း - ၃၂

253 42 35
                                        

Unicode

( အသဲတို့ရေ not love လေးကို ရေးပါတယ်နော် ၊ ရေးပြီးပြန်ဖတ်တာ စိတ်တိုင်းမကျလို့ အပိုင်းသစ် တစ်ပိုင်းလုံးပြန်ဖျက်လိုက်ပါတယ် ၊ နောက်နေ့မှ တင်ပေးပါ့မယ်နော် ၊ not love လေး ကို စောင့်နေခဲ့ရင် sorry ပါနော် ၊ ဒါလေးကိုပဲ ဖတ်ပြီး ဆက်စောင့်နေပေးပါလို့ )

အန်ကယ်လီရဲ့သတင်းကြားပြီး feel out သွားတာ ဒါလေးကတော့ ကြိုရေးထားတာမို့ပါ 🥺🥺🥺

**************

ကုန်းကျွင့်သည် ကျယ်ဟန့်နှင့်အတူ မြေအောက်အကျဉ်းတိုက်သို့ ရောက်လာ၏။

မြေအောက်အကျဉ်းတိုက်သည် ကြီးမားသော ရာဇဝတ်မှုကြီးများကို ကျူးလွန်သူများကိုသာ ထားလေ့ရှိရာ ကျောက်သားများဖြင့် ခိုင်ခိုင်ခန့်ခန့်တည်ဆောက်ထား၏။
ထို့အပြင် မြေအောက်တွင်တစ်ဝက် မြေပေါ်တွင်တစ်ဝက်တည်ဆောက်ထားရာ အနံ့အသက်တို့ အနည်းငယ်ဆိုးရွားကာ နေထိုင်ရန် ခက်ခဲလေသည်။
အစောင့်အကြပ်ထူထပ်ပြီးအဝင်အထွက်တစ်လမ်းတည်းသာရှိရာ ရာဇဝတ်သားများအတွက် ထွက်ပြေးရန်လည်း အလွန်ခက်ခဲ၏။

အစောင့်များက ကုန်းကျွင့်ကို ဦးညွှတ်ကာ ဂါရဝပြုလိုက်ကြပြီး အကျဉ်းခန်းသို့ လိုက်ပို့၏။

အကျဉ်းခန်းသို့ရောက်သော် အကျဉ်းခန်းတံခါးကို ဖွင့်စေကာ ဟန်ငယ်၏ လက်ကိုဆွဲ၍ သူပါ ဝင်ရောက်လိုက်သည်။
ထို့နောက် အကျဉ်းတိုက်အတွင်း နွေးထွေးမှုရှိစေရန် ရဲမက်တစ်ယောက်ကို ကောက်ရိုးခြောက်အချို့နှင့် နူးညံ့သောအခင်းတစ် ခုကို ယူရန် စေခိုင်းလိုက်သည်။

ကျန်းကျယ်ဟန့်သည် အပြင်မှဝင်ရောက်လာသော မီးအလင်းရောင်နည်းနည်းသာရှိသော မှောင်မိုက်နေသောအကျဉ်းတိုက်ကို လှည့်လည်ကြည့်ရှုနေကာ ကုန်းကျွင့်အနားသို့ကပ်လာ၏။

" ကိုကို "

" ဟင် "

" ဟန် ကြောက်တယ် ကိုကိုက ဒီကို ဘာလာလုပ်တာလဲဟင် "

"......."

ကုန်းကျွင့်သည် ပြန်မဖြေနိုင်ဘဲ အံကိုတင်းတင်းကြိတ်ထားမိသည်။
သူသည် မင်းကြီး၏ အမိန့်အတိုင်း ကျယ်ဟန့်ကို ဒီနေရာတွင်ထားခဲ့ရမည်။
ထို့နောက် သူသည် အခြားသောဆောင်ရွက်ဖွယ်ရာများကို လုပ်ဆောင်ရပေဦးမည်။
အထူးသဖြင့် ဟန်ငယ်လွှတ်မြောက်နိုင်မည့် အရာရာတိုင်းကို သူလုပ်ဆောင်ရပေမည်။

မေတ္တာဖြင့် အပြီးသတ်ခဲ့‌သော( မေတ္တာဖြင့် အပြီးသတ်ခဲ့သော )Where stories live. Discover now