အပိုင်း- ၂၀

307 47 34
                                        

Unicode

( ဒီ တစ်ပိုင်းပြီးရင် အချိုလေးတစ်ဖြတ် လာမယ်နော် အသဲတို့  🥰🥰🥰 )

ရိထျန်းသည် ကျန်းကျယ်ဟန့်၏ လက်ကို မလွှတ်တမ်းဆွဲကိုင်ကာ စံအိမ်တော်သို့ အလျင်အမြန်ပင် ရောက်အောင်ပြန်ခဲ့လေသည်။
ဒေါသထွက်နေသော စိတ်ကြောင့် ခြေလှမ်းတို့က မငြင်သာနိုင်ဘဲ မျက်နှာသည်လည်း တင်းမာလွန်းလှသည်။

ချန်းချောင်နှင့် ချန်လင်သည်ပင် သူတို့ကို မြင်လျှင် ကွယ်ရပ်သို့ ချက်ချင်းပြေးကွယ်ကာ ချောင်းကြည့်နေကြ၏။
ရိထျန်းသည် မင်္ဂလာအိပ်ခန်းသို့တန်းဝင်ခဲ့ကာ ကျန်းကျယ်ဟန့်၏လက်ကို လွှတ်လိုက်သည်။

ထို့နောက် ကျန်းကျယ်ဟန့်၏ ပုခုံးနှစ်ဖက်ကိုဆုပ်ကိုင်ကာ ခါရမ်းလိုက်ပြီး

" ဟန် ! မင်း... မင်းလုပ်ရက်လိုက်တာ "

အံကြိတ်ကာပြောရင်း မျက်ရည်တို့ပင် ဝေ့လာသည်။
နမ်းခံလိုက်ရသည့်အဖြစ်က ဝမ်းသာကြည်နူးရမည့်အစား ရင်ထဲတွင်နင့်နေအောင် နာနေခဲ့သည်။

နှုတ်ခမ်းလေးကို မကြည်ဖြူနိုင်ခဲ့သော ထိုကောင်လေးက ထိုလူကို ကာကွယ်နိုင်ရန် သူ့ကိုနမ်းခဲ့သည်။
ထို့နောက် အမြဲထွက်ပြေးချင်နေခဲ့သည့် ကောင်လေးက ထိုလူသားအသက်ရှင်ရန် သူ့အနားနေပါမည်ဟု ကတိပေးခဲ့သည်။

ရိထျန်းသည် မခံမရပ်နိုင်အောင်နာကျင်နေသော နှလုံးသားဖြင့် ထိုကောင်လေး၏ လက်မောင်းများကို စိတ်ရှိတိုင်းဆုပ်ညှစ်ကာ ခါပစ်မိတော့သည်။
ကျယ်ဟန့်ကလည်း ရိထျန်းပြုမူနေသမျှကို ရုန်းဖယ်ခြင်းမပြုဘဲ ငြိမ်ခံနေလေသည်။

ထိုအချင်းအရာကိုပင် ရိထျန်းမှာ ရင်နာစွာဖြင့်

" ဟန် မင်း ကိုယ်ကို ဘာမှမပြောတော့ဘူးလား ဟင် ဟန် !"

ဟန်သည် ခေါင်းကိုသာ ငုံ့ထားကာ အသံတိုးတိုးဖြင့် တောင်းပန်နေလေသည်။

" ကျွန်တော်တောင်းပန်ပါတယ်ကော "

"ဟန်ရယ် မင်း သိပ်ရက်စက်တယ် "

ရိထျန်းသည် ထိုအေးစက်စက်မျက်နှာလေးကို စိုက်ကြည့်ကာ ညည်းညူမိရင်း လွှတ်ပေးလိုက်လေသည်။
သူ့ကို ဒူးထောက်ကာ ငိုယိုတောင်းပန်ခဲ့သည့်ကောင်လေးက ယခုတော့ သူ့ရှေ့တွင် မျက်ရည်များ ခြောက်သွေ့နေလျက် ရှိ၏။
သူခေါ်ဆောင်လာခဲ့သည်မှာ ကိုယ်ခန္ဓာသက်သက်သာ ဖြစ်၍ ခံစားတတ်သော နှလုံးသားနှင့် စိတ်ဝိဉာဉ်သည် ကျန်နေခဲ့ဟန်တူလေသည်။

မေတ္တာဖြင့် အပြီးသတ်ခဲ့‌သော( မေတ္တာဖြင့် အပြီးသတ်ခဲ့သော )Tempat cerita menjadi hidup. Temukan sekarang