အပိုင်း - ၁၇

257 43 71
                                    

Unicode

ကုန်းကျွင့်သည် သူ့လက်ကို လှုပ်ရှားနိုင်ရန်ကြိုးစားရင်း ချွေးစေးများပင် ထွက်လာလေသည်။ သို့သော် သူ့လက်သည် အသေကောင်ကဲ့သို့သာ ရှိနေလေရာ သူသည် သူ့ဘဝသူ စိတ်နာလာကာ အဆောင်တော်အပြင်သို့ထွက်ကာ သူ့ညာလက်ကို ဘယ်လက်ဖြင့်မကာ ပေ ပေါ်တင်လိုက်သည်။

သူလက်ကို ဖြတ်ပစ်ရန်ဆုံးဖြတ်လိုက်ပြီး ခိုင်၏လက်ထဲရှိ ဓားအိမ်မှ ဓားကို ဆွဲထုတ်လိုက်သည် ။
ခိုင်သည် ရုတ်တရက် ကြောင်အနေရာမှ  မျက်လုံးပြူးကာ အလျင်အမြန်ဆွဲရတော့သည်။

" အရှင့်သား မလုပ်ပါနဲ့ အရှင့်သား !! "

" လွှတ်စမ်း ခိုင် ဒီလက် မရှိလည်း ကိုယ်တော် အဆင်ပြေတယ် ဒီလက်ကို အသေကောင်လိုမြင်နေရတာကမှ ကိုယ်တော့်အတွက် ငရဲ "

" မလုပ်ပါနဲ့အရှင့်သား ပြန်ကောင်းဖို့ နည်းလမ်းတွေ ရှိပါလိမ့်မယ် "

" ခိုင် ကိုယ်တော့်ကို လွှတ်စမ်း "

ရွှီခိုင်သည် အမျက်တော်ရှခံကာ အတင်းပင်ဆွဲထားရလေသည်။

" အရှင့်သားသတ်မယ်ဆို သေပါ့မယ် မလွှတ်နိုင်ပါဘူး အရှင့်သား တောင်းပန်ပါတယ် "

" ခိုင် !!! "

ကုန်းကျွင့်သည် ရုန်းကန်ရင်း ဒေါသများဖြင့် အော်ဟစ်လိုက်သည်။
ထိုအချိန်တွင် မင်းကြီးသည် အဆောင်တော်သို့ရောက်လာကာ ထိုမြင်ကွင်းကိုမြင်လျှင် ထိတ်လန့်ကာ အော်ဟစ်လိုက်သည်။

" သားတော် !!! "

ကုန်းကျွင့်ရော ရွှီခိုင်ပါ ရပ်တန့်သွားကြ၏။
ရွှီခိုင်သည် ကုန်းကျွင့်၏ လက်မှ ဓားကို အတင်းပင် လုယူကာပြန်သိမ်း၏။ ထို့နောက် နောက်သို့ဆုတ်ကာ မင်းကြီးအား အရိုအသေပေးကာ ရပ်နေလေသည်။

မင်းကြီးသည် ကုန်းကျွင့်နားသို့ရောက်လာကာ 

" စိတ်လိုက်မာန်ပါ မလုပ်ရဘူးသားတော် ၊ သားတော် ရဲ့လက်ပြန်ကောင်းဖို့ နည်းလမ်းရှိလာလိမ့်မယ်လို့ ဘုန်းတော်ကြီး မိန့်ခဲ့တယ်မဟုတ်လား ၊ ဘာလို့ မဟုတ်တာတွေ စဉ်းစားနေရတာလဲ "

ကုန်းကျွင့်သည် ခေါင်းငုံ့နေလျှက် မည်သည့်စကားမျှ ပြန်မပြောပေ ။
မင်းကြီးသည် ကုန်းကျွင့်၏ ပုခုံးကို ဆုပ်ကိုင်ကာ

မေတ္တာဖြင့် အပြီးသတ်ခဲ့‌သော( မေတ္တာဖြင့် အပြီးသတ်ခဲ့သော )Donde viven las historias. Descúbrelo ahora