အပိုင်း -၂၉

241 38 37
                                    

Unicode

( ဒါလေးက ပြီးခါနီးနေတော့ ရေးဖို့ စိတ်ထက်သန်နေလို့ ဒီနေ့ ထပ်ရေးလိုက်တယ် 😊😊 )

တာ့ယွီပြည်၏ အခမ်းနားဆုံး ဘုရားကျောင်း၏ ဝတ်ပြုဆုတောင်းခန်းမတွင်ဖြစ်လေသည်။
အချိန်တိုင်းဝင်၍ဝတ်ပြုရန် ခွင့်ပြုမထားဘဲ အထူးအမြတ်နေ့များမှာသာ ဖွင့်သောဤနေရာသည်။ ခမ်းနားလွန်းသော်လည်း တိတ်ဆိတ်လွန်းလှ၏။

ထို့နေရာတွင်ပင် လူနှစ်ယောက်သည် လျှို့ဝှက်တွေ့ဆုံနေလေသည်။
တစ်ဦးမှာ တာ့ယွီပြည်၏ အိမ်ရှေ့စံ ယန်ရှင်းဖြစ်၍ တစ်ဦးမှာ တာ့ယွီမင်းဆရာဘုန်းတော်ကြီး၏ တပည့်ဖြစ်လေသည်။

မင်းဆရာဘုန်းတော်ကြီးထံမှ ပညာရပ်များကို သင်ယူတတ်မြှောက်ကာ ထက်မြက်သူဖြစ်သော်လည်း ဆရာဘုန်းတော်ကြီးက သူ့ကို လူအများကြား ထင်ပေါ်ကျော်ကြားစေရန် ခွင့်မပြုခဲ့ပေ။
အကြောင်းမှာ ထိုလူ၏ လာဘ်လာဘမျှော်ကိုးကာ နာမည်ကြီးလိုမှု များကြောင့်ဖြစ်လေသည်။ စိတ်အလိုဆန္ဒကြီးမားလွန်းသူမို့ မင်းဆရာဘုန်းတော်ကြီးက တင်းကြပ်စွာ ထိန်းချုပ်ထားဟန် တူလေသည်။

ယခုအခါ မင်းသားယန်ရှင်း၏ ‌အရေးပေးစောင့်ရှောက်မှုများကြောင့် သူသည် သူလိုချင်သော ဘဝမျိုးကို ရလိမ့်မည်ဟု ယုံကြည်ကာ သူ့ပညာကို အိမ်ရှေ့စံအတွက် အသုံးချနေခြင်းဖြစ်၏။

" ဘာတွေတွေ့ရလဲ ဆရာတော်ယွမ်လု "

" အိမ်ရှေ့စံရဲ့ သီချင်းအတိုင်း နိမိတ်တဘောင်ဖြစ်လာခဲ့တာပါ ၊ အမှန်ပါပဲ လနတ်သားကို လက်ဆက်နိုင်သူကသာ တာ့ယွီပြည်ရဲ့ ထီးနန်းကို ဆက်ခံနိုင်ပါလိမ့်မယ် ၊ မဟုတ်ရင် "

ယန်ရှင်းသည် စကားကို ဆက်ရန်မျှော်လင့်နေသော်လည်း စကားဆက်မလာသော ဆရာတော်ယွမ်ကြောင့် စကားထောက်မိ၏။

" မဟုတ်ရင် ဘာဖြစ်မလဲ ဆရာတော်ယွမ် "

" မဟုတ်ရင် ပုန်ကန်ခြားနားခြင်းနဲ့သာ အိမ်ရှေ့စံက ထီးနန်းရယူနိုင်ပါလိမ့်မယ် "

" ဘယ်လို မဖြစ်နိုင်တာ ၊ အိမ်ရှေ့စံဖြစ်တဲ့ ငါကိုယ်တော်က ပုန်ကန်စရာလိုမတဲ့လား "

မေတ္တာဖြင့် အပြီးသတ်ခဲ့‌သော( မေတ္တာဖြင့် အပြီးသတ်ခဲ့သော )Donde viven las historias. Descúbrelo ahora