Unicode
ကုန်းကျွင့်သည် ညစာစားချိန် ရောက်သည်အထိ ကျန်းကျယ်ဟန့်၏ လက်ကိုမလွှတ်ခဲ့ပေ ကျန်းကျယ်ဟန့်သည် ယုန်သားကင်ကို ကုန်းကျွင့်ကိုပါ ခွံ့ကျွေးနေရလေသည်။ကုန်းကျွင့်ကမူ ကျန်းကျယ်ဟန့်ကိုသာ မလွှတ်တမ်း လက်ကိုဆွဲထားကာ ငေးကြည့်နေလေသည်။
ရွှီခိုင်သည် ကုန်းကျွင့်ကိုကြည့်ကာ ပြုံးနေလေသည်။ကြည်လင်နေသော အပြုံးများဖြစ်ပေါ်နေသည့် ကုန်းကျွင့်သည် ယခုမှပင် လူငယ်တစ်ယောက်နှင့် တူနေလေသည်။
စစ်ပွဲမှအပြန် အနားမယူဘဲ ခရီးဆက်ထွက်လာခဲ့သော အရှင့်သားသည် အသားအရေများပင် နေလောင်ကာ မျက်နှာလေးပါ ချောင်ကျသွား၏။ညစာစားပြီးသော် တဲအိမ်လေးကို တက်ညီလက်ညီသန့်ရှင်းလိုက်ကြကာ ပါလာသော အိပ်ရာတို့ဖြင့်သာ အဆင်ပြေအောင်ခင်းကျင်းရလေသည်။
တဲအိမ်လေးဟုဆိုရသော်လည်း အခန်းငယ်လေးများရှိသောကြောင့် တည်းခိုရသည်မှာ အဆင်ပြေလေသည်။
ကုန်းကျွင့်သည် တဲအိမ်လေး၏ရှေ့တွင်ရှိသော ကွပ်ပျစ်လေးတွင်ထိုင်နေကာ ကျန်းကျယ်ဟန့်သည် တဲအိမ်လေးထဲမှပြန်ထွက်လာ၏။
ထို့နောက် ကုန်းကျွင့်၏ နံဘေးတွင် လာရပ်ကာစကားစ၏။" အရှင့်သား အိပ်ရာပြင်ပြီးပါပြီ အနားယူလိုက်ပါလား ၊ အရှင့်သားကြည့်ရတာ သိပ်ပင်ပန်းနေပြီ "
ကုန်းကျွင့်သည် ကျန်းကျယ်ဟန့်၏ လက်ကို ဆုပ်ကိုင်လိုက်ကာ အနားတွင် ထိုင်စေလိုက်ပြီး မျက်နှာလေးကို ငေးကြည့်၏။
" ကိုယ်တော် သိပ်လွမ်းနေခဲ့တာ "
" ကျွန်တော်လည်း လွမ်းနေခဲ့ပါတယ် "
" ကိုယ်တော်လေ လွန်ခဲ့တဲ့နှစ်နှစ်က မကြားခဲ့ရသေးတဲ့ အဖြေကို အခု ကြားနိုင်မလားဟင် ဟန်ငယ် ကိုယ်တော့်ကို ချစ်ရဲ့လား"
" ကျွန်တော် ဖြေဖို့လိုသေးလို့လား အရှင့်သားရယ် ကျွန်တော် အခု အရှင့်သားဘေးမှာ ရောက်နေပြီ မဟုတ်လား"
ကုန်းကျွင့်သည် ထိုစကားကို ကြားလျှင် တိုးသဲ့သဲ့ရယ်မောလိုက်မိသည်။
ထိုရယ်သံတို့တွင် ထိုကောင်လေး၏ အရောင်အသွေးစုံသော ပြောင်းလဲမှုတို့ကို မမြင်လိုက်ခြင်းအတွက် မချိတင်ကဲ ဖြစ်မှုများလည်းပါဝင်နေလေသည်။
YOU ARE READING
FanfictionUni & zgyi #unicode သူက ပန်းချီကားတွေကိုပဲ ဖန်တီးခဲ့တာမဟုတ်ဘူး ငါနှလုံးသားထဲအထိ ဆေးခြယ်ပြီး အချစ်တွေကို ဖန်တီးသွားခဲ့တာပဲ ကုန်းကျွင်း နိုင်ငံတစ်နိုင်ငံရဲ့ မင်းကြီးဆိုတာ ပြည်သူတွေကိုချစ်ပေးရမယ်မဟုတ်လား ကျွန်ုပ်ကိုတော့ မေတ္တာနဲ့ပဲချစ်ပါအရှင် ကျန်းကျ...