၂၂ 🌚🌚

483 60 83
                                        

Unicode

ကုန်းကျွင့်သည် မနက်အိပ်ရာမှ နိူးထလာသည်နှင့် ကျန်းကျယ်ဟန့်ကို ရှာတော့သည်။
သူ့ဘေးတွင် အိပ်နေသောကျန်းကျယ်ဟန့်ကို မတွေ့တော့သောအခါ အိပ်နေရာမှ ကပျာကယာထထိုင်ကာ အော်ခေါ်နေ၏။

" ဟန်ငယ် ဟန်ငယ် "

ကုန်းကျွင့်သည် အခန်းထဲတွင် အော်ခေါ်နေကာ အပေါ်ဝတ်ရုံကို ဝတ်ဆင်လိုက်ပြီး အခန်းအပြင်သို့ ထွက်ရန် တံခါးကို ဆွဲဖွင့်လိုက်သည်။

" အရှင့်သား "

" ဟန်ငယ် "

ကျန်းကျယ်ဟန့်သည် ရေဇလုံနှင့် အဝတ်ဖြူပဝါကို ကိုင်ကာ ရပ်နေ၏။
ကုန်းကျွင့်သည် ကျန်းကျယ်ဟန့်ကို မြင်လျှင် ပွေ့ဖက်ရန်ပြင်လိုက်၏။

" အရှင့်သား ခဏနေပါဦး "

ကျန်းကျယ်ဟန့်သည် အခန်းထဲသို့ ဝင်ကာ ရေဇလုံကို ချထားလိုက်၏။ ထို့နောက် နောက်သို့လှည့်လိုက်လျှင် ကုန်းကျွင့်သည် ထိုခန္ဓာကိုယ်လေးကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်တော့သည်။

" ဟန်ငယ် "

" အရှင့်သား "

" ကိုယ်တော်က ဟန်ငယ် မရှိတော့ဘူး ထင်နေတာ "

ကျန်းကျယ်ဟန့်သည် ကျောပြင်ကျယ်ကို လက်နှစ်ဖက်ဖြင့် ပြန်၍ ပွေ့ဖက်လိုက်ပြီး ပုတ်ပေးနေ၏။

" ကျွန်တော် အရှင့်သားနားကနေ မသွားပါဘူး အရှင့်သားရဲ့ ၊ စိတ်မပူနဲ့နော် ၊ လာ ကိုယ်လက်သန့်စင်ရအောင် "

" ဟန်ငယ်က ကူညီပေး "

ကလေးသဖွယ် ပြောနေသော အရှင့်သားကြောင့် ကျယ်ဟန့်သည် သဘောကျစွာ ပြုံးလိုက်ပြီး ကုန်းကျွင့်၏ လက်ကို ဆွဲခေါ်၏။

" ဟုတ်ပါပြီ အရှင့်သားရယ် ၊ လာပါ "

ကျန်းကျယ်ဟန့်သည် ကုန်းကျွင့်ကို မျက်နှာသစ် ၊ ခံတွင်းသန့်ရှင်းစေကာ အပေါ်ရုံဝတ်တို့ကို သေသပ်စွာ ကူညီ၍ဝတ်ဆင်ပေးလိုက်သည်။
ထို့နောက် လေးယောက်သားသည် မနက်စာကို အတူတူ သုံးဆောင်ကြရသည်။
မနက်စာစားပြီးသော် ခိုင်နှင့် လီဟွားတို့သည် သားကောင်ရှာရန်နှင့် နောက်နေ့အတွက် လမ်းခရီး ရိက္ခာစုရန် ထွက်သွားကြလေသည်။

မေတ္တာဖြင့် အပြီးသတ်ခဲ့‌သော( မေတ္တာဖြင့် အပြီးသတ်ခဲ့သော )Where stories live. Discover now