အပိုင်း - ၁၃

257 38 32
                                    

Unicode

( ဒီနေ့ ရေးချိန်ရလို့ ရေးပြီး တင်လိုက်တယ် သူ့ရက်မဟုတ်ဘူးဆိုပြီး စိတ်မဆိုးပါနဲ့နော့် ☺️ )

တာ့ယွီနန်းတော် အိမ်ရှေ့စံ နန်းဆောင်.....

" အရှင့်သား နောက်ကျတော့မယ် "

" အင်း... လာပြီ ! ပြီးပါပြီ တပ်မှူးလေးရဲ့ "

တပ်မှူးလေးကို ပြန်ဖြေရင်း ဝတ်စုံကို သေချာ ပြုပြင်လိုက်သေးသည်။
အထိန်းတော်ကြီးက ဝတ်စုံကိုကူညီဝတ်ဆင်ပေးနေရင်း ပြုံးနေ၏ ။
သူတစ်သက်တွင် အိမ်ရှေ့စံ ဤသို့ လွတ်လပ်ပျော်မြူးနေပုံမျိုး မမြင်ဖူးခဲ့ပါ ။

ယခုလည်း အဖြူရောင်ဝတ်စုံအသစ်ကို ဝတ်ဆင်ပြီးနောက် မျက်လုံးတို့ကို ဖုံးအုပ်၍စည်းရန် ပဝါးပါးကိုရွေးနေပြန်သည်။
မျက်လုံးစည်းပဝါပါးတို့မှာ အဖြူချည်းသာဖြစ်ရာ အထိန်းတော်ကြီးက ရယ်၍ သတိပေးရ၏။

" အကုန် အတူတူပါပဲ အရှင့်သား အဖြူရောင်ချည်းပါပဲ "

" ဪ ဟုတ်သားပဲ "

ထိုအခါမှပင် ပဝါပါးတစ်ထည်ကိုကောက်ယူ၍စည်း၏။
အထိန်းတော်ကြီးသည် လက်ကောက်ဝတ်တွင် စည်းနှောင်ထားလေ့ရှိသော ပဝါဖြူလေးကိုမမြင်သည်မို့

" အရှင့်သားလက်က ပဝါဖြူလေး မရှိတော့ပါလား "

" ဪ ဟုတ်တယ် ကိုယ်တော်လျှော်ထားတာ "

အိမ်ရှေ့စံကပြန်ဖြေကာ ထိုပဝါလေးအခြောက်ခံထားရာသို့သွားယူ၏။
သူအိပ်ဆောင်ထဲတွင်ထားကာ လှန်းထားသည်မို့ ခိုင်နှင့်အထိန်းတော်ကြီးတို့မှာ ခေါင်းတရမ်းရမ်းဖြင့် သာကြည့်နေရ၏။

အိမ်ရှေ့စံသည် ရင်ထိုးလေးပါသော သေတ္တာငယ်လေးကို ဝတ်စုံရှေ့ခြမ်းရှိ ရင်ဘတ်အတွင်းနေရာသို့ ထည့်လိုက်၏။

ထို့နောက် အားလုံးပြင်ဆင်၍ပြီးသည်နှင့် အိမ်ရှေ့စံသည် သူဆောင်းနေကျ ခမောက်ကိုယူကာထွက်၏။

ခိုင်က နောက်မှလိုက်လာကာ

" အရှင့်သား အရင်လမ်းက ထွက်မရတော့ပါဘူး "

" ဟင် ဘာလို့လဲ "

" မင်းကြီးက အစောင့်ချထားပါတယ် "

မေတ္တာဖြင့် အပြီးသတ်ခဲ့‌သော( မေတ္တာဖြင့် အပြီးသတ်ခဲ့သော )Opowieści tętniące życiem. Odkryj je teraz