Unicode
အချိန်အားဖြင့် နှစ်နှစ်နီးပါးပင် ကြာမြှင့်ခဲ့ရလေပြီ ။
ကျန်းကျယ်ဟန့်သည် မြွေတောအုပ်ဖြင့် အသားကျလာကာ ဖွံ့ဖြိုးလာသော ကိုယ်ဟန်တို့သည် ယခင်ကကကဲ့သို့ ပိန်ပါးပါးလေး မဟုတ်တော့။
ထွားကျိုင်းလာသော အရပ်အမောင်းနှင့်အတူ ပို၍ခန့်ညားလာသော မျက်နှာသည် လှပမှုတို့တွင် ယောက်ျားပီသမှုတို့ဖြင့် ထပ်မံပေါင်းစပ်ထား၏။
ကျယ်ဟန့်သည် မြွေတောအုပ်ထဲသို့တစ်ယောက်ထဲ ထွက်လာကာ နွယ်ရှင်များကို ခိုစီး၍ သွားနေ၏။
အရင်လို ဘာမှမသိသော ကလေးသာသာ လူငယ်လေးအဖြစ်မှ လောကကြီးအကြောင်းနားလည်လာသော လူငယ်တစ်ယောက်အဖြစ် ရောက်ရှိလာပြီဖြစ်သည်။
သို့သော်် သူသည် ရိထျန်းနှင့် ကတိကဝတ်ရှိထားသည်။
ထို့အရာသည် ဆယ့်ရှစ်နှစ်ပြည့်သည်အထိ ကုန်းကျွင့်က ရောက်ရှိမလာပါက သူသည် ရိထျန်းကို လက်ထပ်ရလိမ့်မည်။
တာ့ယွီသို့ ပြန်လိုကြောင်းပြောတိုင်း သူ့ကိုလက်ထပ်လိုကြောင်း တဖွဖွပြောကာ ပြန်ခွင့်မပြုခဲ့ပေ။ ကုန်းကျွင့်ကိုယ်တိုင်လာခေါ်လျှင် ပြန်ခွင့်ပြုမည် ဟု ပြောသော်လည်း လာမခေါ်မှန်း ကြိုသိနေ၍များ ဤသို့ပြောခဲ့လေသလား။
အချိန်များကကုန်လွန်ခဲ့လေပြီ။
ထို့ကြောင့် သူသည် နေ့စဉ်နေ့တိုင်းပင် တောအုပ်အစပ်ထိသွားကာ မျှော်၏။ သို့သော် အရှင့်သား၏ အရိပ်အယောင်ကိုသော်မှ မမြင်ခဲ့ရပေ။
အမှန်ပင်သူ့ကို မေ့သွားခဲ့ပြီဟုထင်ပါသည်။
ကျန်းကျယ်ဟန့်သည် တာ့ယွီ၏ ကိစ္စရပ်များကို အလုံးစုံမသိရဘဲ ရိထျန်းပြောပြသမျှသာ သိရှိထား၏။
ကျန်းကျယ်ဟန့်အတွက် ရိထျန်းသည် လေးစားယုံကြည်ရသော အစ်ကိုကြီးတစ်ယောက်ပင် ဖြစ်လေသည်။
ရိထျန်းကလည်း ကျယ်ဟန့်ကို ကလေးသဖွယ် စောင့်ရှောက်ကာ အထိခိုက်မခံပေ။ ကျယ်ဟန့်သည် ပန်းချီဆွဲရခြင်းကို နှစ်သက်မှန်းသိနေကာ ပန်းချီဆွဲနိုင်ရန် ကူညီ၍ ပန်းချီကားများကိုပါ ရောင်းချပေးကာ ငွေတို့ကို စုဆောင်းပေးထားလေသည်။
YOU ARE READING
FanfictionUni & zgyi #unicode သူက ပန်းချီကားတွေကိုပဲ ဖန်တီးခဲ့တာမဟုတ်ဘူး ငါနှလုံးသားထဲအထိ ဆေးခြယ်ပြီး အချစ်တွေကို ဖန်တီးသွားခဲ့တာပဲ ကုန်းကျွင်း နိုင်ငံတစ်နိုင်ငံရဲ့ မင်းကြီးဆိုတာ ပြည်သူတွေကိုချစ်ပေးရမယ်မဟုတ်လား ကျွန်ုပ်ကိုတော့ မေတ္တာနဲ့ပဲချစ်ပါအရှင် ကျန်းကျ...