အပိုင်း ၄

317 23 4
                                    

unicode

"ချေ..."

"အင်း..."

"နင်..မမ ကိုတောင်းပန်သင့်တယ်နော်..."

"No"

ကော်ဖီခွက်ဆေးနေစဥ် နောက်ကျောမှတီးတိုးပြောနေကြတဲ့ စကားသံသဲ့သဲ့ကို မကြားဟန်ဆောင်ကာ ပြုံးပြုံးလေးဥပေက္ခာပြုထားလိုက်ပါသည်။

"ပေး...အစ်မဆေးပေးမယ်..."

ကိုယ့်ဘေးမှာပန်းကန်ကြီးကိုင် ငူငူကြီးအတော်ကြာသည်အထိရပ်နေပြီးမှ ပန်းကန်ကို basin ထဲထည့်လှည့်ထွက်သွားတာ တစ်ခုခုကိုအလိုမကျလို့ စိတ်တိုနေတဲ့ တကယ့်ကလေးအတိုင်း။

"သွားမယ်..နင်နေချင်နေခဲ့တော့..."

"ချေ..ခဏ..."

ကိုယ်လှမ်းခေါ်တော့ သူ့ဂျူတီကုတ်ကိုလှမ်းယူရာမှ ကိုယ့်ကိုသမင်လည်ပြန်မော့ကြည့်လာသည်။

"အစ်မကို အချိန် ၅ မိနစ်လောက်ပေးပါလား..."

"အင်း..ပြော..."

ကြည်ကြည်ဖြူဖြူကြီးတော့မဟုတ်။အပေါ်ကုတ်ကို ကျကျနနဝတ်နေရင်းမေးဆတ်ပြောနေတာကြီးက စိတ်မှာချဥ်စရာ။

"အစ်မ မနက်ပိုင်း ၁၁ နာရီထိသင်တန်းချိန်ရှိလို့..အဲ့နောက်ပိုင်းမှအားတယ်..ချေ ဘယ်ချိန်တွေအားတတ်လဲ...အစ်မတို့ဘယ်ချိန်လောက်ဂျပန်စာစသင်ဖို့အဆင်ပြေမလဲ..."

"ချေ က ၃ နာရီနောက်ပိုင်းအားတယ်လေ..."

ညွှန်းကကြားကနေ ဝင်ထောက်ပြနေပေမယ့် အမောင်လူချောကတုပ်တုပ်မျှမလှုပ်။မျက်နှာကြီးစူပုပ်လျက် တစ်ခုခုကိုတွေးနေသလို။

"သင်ချင်စိတ်မရှိဘူး.. "

အတော်ကြာကြာစဥ်းစားပြီးမှ ပြောထွက်လာတဲ့စကားက အားတက်ချင်စရာကြီး။အင်းလေ..သူ့ကျောင်းစာတစ်ဖက်နဲ့ ခေါင်းမရှုပ်ချင်တာလဲဖြစ်မှာပေါ့။

"အစ်မ ရွတ်ပြ ဖတ်ပြ တာတွေပဲ ထိုင်နားထောင်ပေးလို့မရဘူးလား..."

"စိတ်မှ မဝင်စားရင်..ခင်ဗျားပဲပင်ပန်းမှာ..."

"အစ်မကရပါတယ်..ချေ အတွက်ဖိအားမဖြစ်စေရပါဘူး..တစ်နေ့ကို ၂ နာရီလောက်ပဲအချိန်ပေးပါ...အစ်မကြိုးစားသင်ပေးပါ့မယ်..."

မ [ Uni🔛Zaw ]Where stories live. Discover now