unicode
home study လုပ်ပြီးပြီဆိုတော့ စိတ်အေးလက်အေးနဲ့ laptop အဖုံးကိုပိတ်ချလိုက်သည်။နားထဲထည့်ထားတဲ့ နားကြပ်ကိုဆွဲဖြုတ်ရင်း ထောင်ထားတဲ့နာရီကိုလှမ်းကြည့်လိုက်တာ ညနေစာစားချိန်ရောက်ပြီ။ဗိုက်ကလဲသူ့အချိန်ကို တစ်သတ်မှတ်တည်းမှတ်ယူထားသည့်အလား ထမင်းစားခန်းဆင်းဖို့ လူကိုလှုံ့ဆော်နေတာ။ထိုင်နေတာကြာပြီဆိုတော့ အကြောတွေပျော့ပျောင်းသွားအောင် ခါးကျောတွေ၊ဇက်ကျောတွေ လျော့ချပြီး ကိုယ့်အခန်းထဲကထွက်ခဲ့လိုက်တယ်။
ညနေစာစားပြီး တအောင့်တလေအနားယူပြီးတာနဲ့ ချေ ကို ဂျပန်ယဥ်ကျေးမှုတွေ၊ဂျပန်အစားစာ၊နေဟန်ထိုင်ဟန် လမ်းလျှောက်ဟန်၊သွားပုံလာပုံကိုအသေးစိတ် သူစိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ၊နားဝင်သည်ဖြစ်စေ မဝင်သည်ဖြစ်စေ၊လိုက်နာသင်ယူသည်ဖြစ်စေ မလိုချင်သည်ဖြစ်စေ၊ ကိုယ့်တာဝန်ယူထားသည့်အလုပ်သဘောအရ သင်ပြပြောပြရပေဦးမည်။၇ နာရီဆိုတာနဲ့ကိုယ်စမှ သူ့အချိန်ပြည့်တာနဲ့ လူကိုအတင်းထွက်သွားခိုင်းတတ်တာ။
မွေ့နွန်း ထမင်းစားခန်းထဲ ခြေချမိတာနဲ့ အခန်းဝကိုကျောပေးထိုင်နေတဲ့ ချေ ကိုတန်းမြင်ရသည်။ထူးထူးဆန်းဆန်း ချေကညနေစာဆင်းစားလို့ပါလား။ခါတိုင်း ဒီအချိန် ဒီအိမ်ကြီးမှာကိုယ်နေတဲ့ ၅ရက်တာလုံး သူ့အခန်းထဲမှောင်ရိပ်အောင်းနေကြသူက။ချေနဲ့က မနက်စာချိန်ပဲ အတူဆုံဖြစ်ပြီး နေ့လည်စာမဆုံဖြစ်ကြ။ညစာလဲ သူကဘယ်အချိန်ဆင်းစားလဲ မသိ။ကိုယ်တစ်ယောက်တည်း စားဖြစ်တာများသည်။တခါတလေတော့ တီခက်နဲ့လက်စုံစားဖြစ်ကြသည်။
weekend တိုင်းကိုယ်ကအိမ်ပြန်နေကျဆိုတော့ weekend ဆိုဒီအချိန် သူညစာဆင်းစားနေကျလားမသိ။
ထမင်းစားပွဲပေါ် mac book ကြီးထောင်ထားပြီး နားမှာနားကြပ်တပ်လျက် ဂရုတစိုက်ကြည့်နေတာဆိုတော့ ကိုယ်ဝင်လာတာသတိမထားမိ။သူ့ကျောပြင်းကိုကျော်ပြီး ဘာတွေများစိတ်ဝင်တစားကြည့်နေတာလဲ စပ်စုကြည့်မိသည်။youtube ကနေ သူ့ဆေးပညာအကြောင်းကို ကြိုးကြိုးစားလေ့လာနေတာပဲ။တော်လိုက်တဲ့ကလေး။သူ့ကိုယ်ပိုင်ဟန်နဲ့ အမြင့်ဆုံးဆီပျံတက်ဖို့အားယူနေတာ။ဘယ်သူပြောလဲ ဒီကလေးက ရိုင်းတယ်လို့။ကိုယ်ကတော့ သူ့စိတ်ဓာတ်လေးကို လေးစားမိတယ်။သူနေပုံထိုင်ပုံလေးကို သဘောကျမိတယ်။စိတ်တိုတတ်တာက လွဲရင်ပေါ့။ဒါကလဲ တစ်ယောက်ယောက်က ဖေးဖေးမမနဲ့စိတ်ရှည်ရှည်လေး အနီးကပ်ပြောင်းလဲပေးရင် သူယဥ်ပါးသွားမယ်လို့ကိုယ်ယုံတယ်။
YOU ARE READING
မ [ Uni🔛Zaw ]