အပိုင်း ၂၅

214 22 6
                                    

unicode

"မမ..."

"ဟေး..ညွှန်း..."

နေ့လည်စာစားဖို့ထမင်းခူးခပ်နေတုန်း ညွှန်းကထမင်းစားခန်းထဲ ဘယ်လိုရောက်ချလာသည်မသိ။လက်ထဲမှာ လေးဆင့်ချိုင့်ကြီးဆွဲလို့။

ညက အရမ်းသောက်ထားတာတောင် ညွှန်းကြည့်ရတာ ခုဘာမှမဖြစ်သလို။သူ့ကြည့်ရတာ အရင်နေ့တွေကအတိုင်း ပြုံးလို့ ရွှင်လို့။ကိုယ်ပဲ အရက်နာကျပြီး စိတ်မလန်းတာ။

"ချေ ဆင်းမလာသေးဘူးလား..."

"သူ အဝတ်တက်လဲနေတယ်..ခဏနေဆင်းလာလိမ့်မယ်..."

"မမ ခေါင်းဘယ်လိုနေသးလဲ..."

"အင်း..အရှင်းတော့မပျောက်သေးဘူး...ညွှန်းတို့က သောက်နိုင်သူတွေမို့လား..အေးဆေးပဲနော်..."

"အိပ်ယာထစကတော့ ခေါင်းအုံတာပေါ့..ခုတော့အရှိန်ပျယ်သွားပါပြီ..."

ချိုင့်ထဲက ဟင်းတွေပန်းကန်ထဲလဲထည့်ရင်း စားပွဲပေါ်တည်ခင်းနေတဲ့ ညွှန်းကိုရပ်ကြည့်နေမိတယ်။

ငါးသံပရာပေါင်းရယ်၊ကင်းမွန်ထောင်းရယ်၊ဂဏာန်းမဆလာရယ်၊ပုဇွန်အစိမ်းသုပ်ရယ်။ညွှန်း ယူလာတာ ပင်လယ်စာတွေချည်းမို့ ချေ စားဖို့တော့မဖြစ်နိုင်။ချေ ကပင်လယ်စာနဲ့မှ မတည့်တာ။

"ညွှန်း..ဟင်းတွေများလှချည်လား..."

"အိမ်မှာဖေဖေ ပြန်ရောက်နေတယ်လေ...ပင်လယ်စာချက်စားကြတာ..မမနဲ့အတူစားချင်လို့ထည့်လာတာ..ချေကတော့ စားမှာမဟုတ်ဘူး..."

အိမ်မှာ ဖခင်ဖြစ်သူပြန်ရောက်လာတာကို ညွှန်းက ဟင်းတွေသယ်ပြီး ဒီမှာလာစားတယ်။နဲနဲတော့ ထူးဆန်းနေသလားလို့။တကယ်ဆို မိသားစု စုံစုံလင်လင်နဲ့ ကြည်နူးစရာထမင်းဝိုင်းလေးဖြစ်နေရမှာမလား။

ညွှန်း ကတစ်ဦးတည်းသောသမီးလေးဆိုတာတော့ ကိုယ်သိသည်။ဒီအရွယ်ထိ မိခင်နဲ့ခွဲမအိပ်ဖူးဆိုတာလဲ သိတယ်။ဖခင်က ဘာအလုပ်လုပ်တာမို့ ညွှန်းကဖခင်နဲ့ အမြဲဝေးနေပြီး စိမ်းနေရတာလဲ။မိသားစုထမင်းဝိုင်းလေးက ပြေးထွက်ချင်လောက်အောင် ဘာကညွှန်းကိုဖိအားဖြစ်စေတာလဲလေ။

မ [ Uni🔛Zaw ]Where stories live. Discover now