အပိုင်း ၃၇

375 29 13
                                    

unicode

စံတော်ချိန်နာရီအရတော့ မိုးစင်စင်လင်းခဲ့ပြီ။
သို့သော် အလင်းရောင်မှိန်ပျပျလေးသာရှိသော ခန်းမကျယ်ကြီးသည် မှောင်ရီအေးစက်လျက် တစ္ဆေတရဲကြောက်တတ်သူများဆို ခြောက်ခြားနေလိမ့်မည် အမှန်။

မှောင်ရီသော ခန်းမအလယ်တည့်တည့်တွင် အိုဟောင်းနေတဲ့ သစ်သားကုတင်ကြီးတစ်လုံက ခြောက်ကပ်ကပ်ရယ်။

ကုတင်ပေါ်မှာ မလှုပ်မယှက်ငေးငိုင်နေသူတစ်ယောက်။အသက်ရှူသွင်းသံ ရှူထုတ်သံ ညှင်းညှင်းလေးကြားနေရသည်အထိ ဤနေရာကြီးက အထီးကျန်ဆန် တိတ်ဆိတ်လွန်းပါသည်။

ဒါပေမယ့် အမှောင်မှာနေသားကျသူအဖို့ ထွေထူးပြီး ဆန်းကြယ်မနေပါဘူး။ဒီထက်လဲ ပို၍ နာကျင်စရာလဲ မရှိတော့ပါဘူး။

ပါးစပ်ဖျားက ရှူထုတ်လိုက်တဲ့ မီးခိုးငွေ့တွေကို ကောင်းကင်က တိမ်ညိုတွေအမှတ်နဲ့ ဆွေးဆွေးလေးငေးကြည့်နေမိတယ်။

စိတ်မှာအနာတရဖြစ်တိုင်း စိတ်ဖြေရာ တကယ့်ကောင်းကင်ကြီးကို နှစ်ချီပြီး ကိုယ်ဦးမော့ငေးကြည့်ခွင့်မှ မရတော့လေ။

ဒီအချိန်ကိုယ်ငေးလဲ တိမ်ညိုတွေသာ ပြိုကျလာမှာမို့ မကြည့်ချင်တော့ပါဘူး။

သောက်လက်စ စီးကရက်တိုကို ညစ်ထေးထေး ငုံ့ကြည့်ပြီး ကြမ်းပြင်ပေါ်လွှတ်ချလိုက်သည်။

သူ့ဖက်ကိုယ့်ဖက်မသိနိုင်တဲ့ ချစ်ခြင်းမေတ္တာတွေကလဲ နာကျင်တတ်တာပဲလားလေ။

မ' ဝမ်းနည်းတိုင်း ဖေးမနှစ်သိမ့်ပေးနိုင်တဲ့သူ ကျွန်တော်မဖြစ်နိုင်တာ ဘဝကပျော်စရာမကောင်းခဲ့ဘူး။မ' ခိုလှုံတဲ့ ရင်ခွင်ဟာ ပို၍နွေးထွေးနေခဲ့လား။မ' လိုချင်တဲ့သူလဲ ကျွန်တော် မပေးနိုင်ခဲ့ဘူး။

ချစ်မိသော်လည်း ချစ်ကြောင်းဖွင့်ဟမပြောနိုင်တဲ့ ဝဋ်က နှလုံးသားမှာခံရအခက်ဆုံးထင်ပါရဲ့။

မ'လဲ ကျွန်တော့်ကို မုန်းသွားလောက်လေပြီ။

ဘာဖြစ်ဖြစ် သူမဘဝလေးမှာ ကျွန်တော့်အချစ်ကို မီးစာထည့်ပြီး အမှောင်ခန်းလေးမှာ အလောင်ကျွမ်းခံခဲ့ရတာကို ဒီအရူးလေး ကျေနပ်နေသည်လေ...။

မ [ Uni🔛Zaw ]Where stories live. Discover now