အပိုင်း ၁၁

245 19 4
                                    

unicode

တကယ်ပါ။မူးတာမှ ရိုးရိုးတန်းတန်းမဟုတ်။နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပျော်နေတာ။အသိလွတ်သွားတဲ့ လူ့ခန္ဓာကိုယ်က ပိုပြီးလေးလံတယ်ထင်တယ်။ဒီအစ်မကိုယ်လုံးက လေးလိုက်တာဆို။အခန်းကလဲ အပေါ်ထပ်မှာဆိုတော့ လှေကားတွေသတိထားနင်းတက်ရတယ်။ခြေချော်သွားရင် နှစ်ယောက်လုံး လှေကားအောက်ကို တစ်လိမ့်ခေါက်ကွေးထိုးကျမှာ။

ခဲရာခက်ဆစ် လှေကားထိပ်ကိုရောက်ခဲ့ပြီ။ကျော်မှာပိုးထားရတဲ့ ခန္ဓာကိုယ်ကိုတစ် ချက်ပင့်တင်ရင်း အခန်းတံခါးရှေ့ခြေစုံရပ်လိုက်သည်။နဖူးကစို့နေတဲ့ချွေးစလေးတွေ၊နားထင်တစ်ဝိုက်၊မျက်နှာအနှံ့ အစီအရီ့ပုံထွက်နေကြတာ။လူတစ်ကိုယ်လုံးလဲ အိုက်စပ်စပ်နဲ့။ပင်ပန်နေလို့လား။မဟုတ်ဘူး။ကိုယ့်စိတ်ကိုက ဖောက်လွဲဖောက်ပြန်ဖြစ်နေတာ။ခက်ပြီ။

ပူးပူးကပ်ကပ်ကြီးအသားချင်းထိကပ်နေတာဆိုတော့ မရိုးသားတဲ့ကိုယ့်​စိတ်ကြောင့် ဇောချွေး​တွေပြန်နေတာ။သူရှူထုတ်လိုက်တဲ့ လေနွေးနွေးက ကိုယ်ဂုတ်သားကိုတို့ထိနေတာလဲ စိတ်ကသိပ်တော့အဆင်မပြေလှ။သူ့လက်သွယ်သွယ်လေးနဲ့သိုင်းဖက်ထားတဲ့ ကိုယ့်လည်တိုင်ရိုးမှာတင်းတင်းကြပ်ကြပ်ကြီးမဟုတ်တာတောင် အသက်ရှူရတာမဝချင်သလို။ကိုယ်ရူးချင်လိုက်ပြီ။

နှုတ်ခမ်းသားကိုဖွဖွလေး ဖိကိုက်ရင်း ခပ်ပြင်းပြင်းလေကို တစ်ချက်ရှိုက်သွင်းလိုက်တယ်။ပါးစပ်က လွှတ်ခနဲ့အမိန့်ပေးလိုက်တယ်။

"open the door."

"The door is open."

ကြည်လင်ပြတ်သားတဲ့ အမျိုးသမီးအသံချိုချိုဖြေကြားသံနဲ့အတူ အခန်းတံခါးသည် auto ဖွင့်ဟလာသည်။ထမ်းထားရတာအလေးကြီးမို့ ခပ်သွက်သွက်ပဲလှမ်းဝင်လိုက်တယ်။

ကုတင်ပေါ်အရင်ထိုင်ချလိုက်တယ်။ကိုယ့်လည်ရိုးက သူ့လက်နှစ်ဖက်ကိုဖြည်ပြီးတာနဲ့မျက်နှာချင်းဆိုင် ကိုယ်ကိုလှည့်လိုက်တာ ခေါင်းကြီးငိုက်ကျနေတဲ့သူမ ကိုယ့်လက်တွေသာလွတ်ချလိုက်ရင် အိပ်ယာပေါ်ခွေခွေလေးပစ်လှဲကျသွားမှာပဲ။ဝိုင်လေးတစ်ခွက်သောက်တာကို ဒီလောက်ထိခြေပစ်လက်ပစ်မူးသွားရသလားဗျာ။

မ [ Uni🔛Zaw ]Where stories live. Discover now