အပိုင်း ၂၆

229 21 4
                                    

unicode

ဘာဆေးတွေတိုက်လိုက်သည်မသိ ကိုယ်အတော်ကြာကြာကြီး အိပ်ပျော်သွားတာပဲ။

ပျင်းရိလေးတွဲနေတဲ့ မျက်ခွံတွေဖြည်းဖြည်းချင်းဖွင့်၊မျက်တောင်ရှည်တို့တစ်ချက်ချင်းလှုပ်ခတ်ကာ အိပ်ယာဘေးခုံပေါ်က နာရီကို စောင်းငဲ့ကြည့်လိုက်တယ် ၄:၄၅ မိနစ်။

နေအတော်စောင်းနေပြီပဲ။

လူတစ်ကိုယ်လုံးလဲ နှုံးချိလို့။လန်းလန်းဆန်းဆန်းဖြစ်အောင် ရေမိုးချိုးပြီး ညစာဆင်းစားဦးမှ။အိပ်ယာပေါ်ကဆင်းပြီး မှန်တင်ခုံမှာပြောင်းရွေ့ထိုင်လိုက်သည်။

ရှုပ်ပွနေတဲ့ ဆံနွယ်တို့ တစ်စုတစည်းတည်းဖြစ်အောင် ခပ်မြင့်မြင့်စုကာချည်နှောင်လိုက်တယ်။ရှင်းလင်းသွားတဲ့မျက်နှာပြင်မှာ အနည်းငယ်ငေါထွက်လာတဲ့မေးရိုးကို ဂရုတစိုက်ကိုင်ကြည့်မိလိုက်တယ်။ခုတလော ကိုယ်ပိန်သွားသလိုပဲ။ပင်ကိုယ်ရဲတက်နေတဲ့ ကိုယ့်နှုတ်ခမ်းသားတွေ အရောင်ဖျော့ကျလာတယ်။မျက်ဆံလေးတွေ အရောင်ဖျော့ပြီး မျက်လုံးလေးတွေလဲ အညိုယောင်သမ်းချင်သလို မိတ်ကပ်တွေဖုံးထားလို့ မသိသာတာ။

နေပါဦး။ကိုယ်က ပင်လယ်စာကြိုက်တဲ့ သူလေ။ဘာလို့ ကောက်ကာငင်ခါကြီး အနံ့မခံနိုင်ရအောင် ရုတ်တရက်ပျို့အန်နေရတာလဲ။

အာ..။ခေါင်းကလဲမူးနှောက်နှောက်ရယ် စိတ်ထဲနေလို့သိပ်အဆင်မပြေ။ကိုယ်တစ်ခုခုတော့ဖြစ်နေပြီ...။

ထားလိုက်တော့ ဘာဖြစ်ဖြစ်မတွေးချင်သေးဘူး။ရေချိုးပြီး စိတ်လန်းအောင်အရင်လုပ်ရမယ်။

မှန်ထဲမြင်နေရတဲ့ ကိုယ့်ရုပ်လွှာကို ကျောခိုင်းပြီး အဝတ်တန်းကခြုံသဘက်ဖြူ လှမ်းယူကာအခန်းထဲက ထွက်ခဲ့သည်။

ကိုယ့်အခန်းတံခါး ဖြည်းဖြည်းပိတ်ပြီး မြင်နေကျအခန်းလေးဆီ ခေါင်းငဲ့ကြည့်မိလိုက်သေးတယ်။သူ့စာဖတ်ခန်းရော သူ့အိပ်ခန်းလေးရော ငြိမ်သက်လျက်။

လေအဝှေ့မှာ နှာခေါင်းထဲ အနံ့ဆိုးဆိုးတစ်ခု ရှုလိုက်ရသည်မို့ နှာခါင်းရှုံ့ကာ လေလာရာ ဝရန်တာဆီ တစ်ဖန်လှမ်းကြည့်မိလိုက်တယ်။

မ [ Uni🔛Zaw ]Where stories live. Discover now