အပိုင်း ၂၃

203 23 4
                                    

unicode

ပါးပြင်ဖြူဖြူနုနုလေးတွေ နီရဲတက်နေတဲ့အထိ ယမကာအဆိပ်သင့်နေတာတောင် နဲနဲလေးမှမူမပျက် သတိကောင်းလွန်းတဲ့ ချေ ကို မွေ့နွန်း မလေးစားပဲမနေနိုင်။

သူက ပြုံးပြုံးလေးထိုင်ကြည့်နေပေမယ့် ကိုယ့်မှာမပြုံးနိုင်။မျက်လုံးအတင်းမှိတ်ပြီး သူငှဲ့ပေးသမျှ တစ်ခွက်ပြီးတစ်ခွက် ကြိတ်မှိတ်မြိုချပစ်နေရတာ      
သုံးခွက်မြောက်မှာ ကိုယ်မဟန်တော့တာသိလိုက်ပြီ။ခေါင်းက ရီဝေဝေလေး မူးနှောက်လာပြီ။အအေးဓာတ်ပိုလာလေ တစ်ရိပ်ရိပ်ရစ်တက်လာလေ။

"တော်ပြီ ချေ...မရတော့ဘူး..."

"ဒီလောက်ပဲလား..."

"ဒီလောက်ပဲမဟုတ်ဘူး ချေ...ဒီလောက်ကြီးသောက်လိုက်တာ...ရင်တွေပူ အာခေါင်ခြောက်လာပြီ..."

လက်ဟန် ခြေဟန်မြောက်ပြီး ပြောပြနေတာကို ထိုင်ကြည့်ပြီး သဘောတွေကျရယ်နေတာ မရပ်။ဪ..ဒီကလေးနဲ့တော့ ခက်ပါတယ်။အားရပါးရရယ်နေတာ သူ့ပါးနှစ်ဖက်ကြီး စိတ်ရှိဆိုင်း ဆွဲညစ်ချင်လိုက်တာဆို။

"ကျွန်တော့်ကို ခရစ်စမတ်ပါတီဖိတ်ပြီး...ခရစ်စမတ်လက်ဆောင်လဲမပေးဘူးနော်..."

သစ်ပင်အောက်က လက်ဆောင်ဗူးလေးတွေ မေးထိုးပြပြီးမေးနေတာ တကယ်လက်ဆောင်လိုချင်တာလား၊ကိုယ့်ကို တမင်စနောက်နေတာလား သိချင်၍ သူ့မျက်ဝန်းကိုစူးစိုက်ကြည့်လိုက်တယ်။ဒီကလေးက လူကိုတောင်းဆိုဖူးတာတွေ ခပ်ရှားရှားလေ။

ကိုယ့်အမြင်မှားနေတာလား ရှေ့တည့်တည့်မှာထိုင်နေတဲ့ ချေက နှစ်ယောက်ဖြစ်နေသလိုပဲ။

"ချေ ဘယ်လိုလက်ဆောင်လိုချင်လဲ..."

"ဘာဖြစ်ဖြစ်ရပါတယ်..."

"ချေကရော မ ကို ဘာလက်ဆောင်ပြန်ပေးမှာလဲ..."

"ကျွန်တော်လား..."

သူ့စကားရပ်ပြီး ကိုယ့်ကို ပြံးပြုံးလေး ငေးကြည့်ပြန်တယ်။ကိုယ်ပဲ မူးနေတာလား ၊သူပဲမူးနေတာလားမသိတော့ဘူး။ထူးထူးဆန်းဆန်း ကိုယ့်မျက်ဝန်းရိပ်မှာ ချေ မျက်နှာချိုချိုလေး ခဏဏမြင်နေမိသလိုပဲ။

မ [ Uni🔛Zaw ]Where stories live. Discover now