အပိုင်း ၁၄

214 19 6
                                    

unicode

ခမ်းနားလှတဲ့ အနီရောင်ကျောင်းတော်ကြီးက နှစ်ပေါင်းဘယ်လောက်ရှိနေပြီမသိ ဂန္တဝင်ဆန်ဆန် ခန့်ထည်လိုက်တာ။ဒါပထမဆုံး ဆေးတက္ကသိုလ်(၁)ကို ကိုယ်ရောက်ဖူးခြင်း။ကျောင်းထဲခြေချလိုက်တာနဲ့ ဆေးရနံ့တွေက တစ်ကျောင်းလုံးလွှမ်းခြုံထားသလိုပဲ။မြန်မာနိုင်ငံရဲ့ အတော်ဆုံးဆရာဝန်တွေ မွေးထုတ်ပေးရာကျောင်းတော်ကြီးကို မွေ့နွန်း တမေ့တမောငေးကြည့်နေမိတယ်။

"တူ...တူ...တူ...."

အိပ်ကပ်ထဲက ဖုန်းကိုထုတ်ယူလိုက်တယ်။

"အင်း...ပြော..မဏ္ဍိုင်..."

"နွန်း...ဒီနေ့ home study မလုပ်ဖြစ်ဘူးလား...ကိုယ် online မတွေ့မိလို့..."

"အင်း...နွန်း အပြင်ရောက်နေလို့...ညနေမှ zoom မှာဆုံမယ်လေနော်..."

"နွန်း..အလုပ်များနေတာလား..."

"အင်း see you later...မဏ္ဍိုင်..."

"အင်းအင်း...take care...နော်.."

"အင်းပါ..."

မဏ္ဍိုင် ဖုန်းချသွားတာနဲ့ ခပ်လှမ်းလှမ်းမှာ ဆေးသေတ္တာဗူးရှေ့ချပြီး လက်ကဒဏ်ရာဆေးထည့်နေကြတဲ့ ကလေးနှစ်ယောက်ဆီလျှောက်ခဲ့လိုက်တယ်။

"ညွှန်း..နင် မကိုအိမ်ပြန်ပို့ပေးလိုက်...ငါ taxi နဲ့ပြန်လိုက်မယ်..."

"အတူတူ လိုက်ပို့ပြီးပြန်လို့ရတာပဲလေ..."

"ငါရေချိုးချင်ပြီ...ပြန်နင့်မယ်..."

ကိုယ့်ကို အိမ်ပြန်ပို့ဖို့ တကူးတကပြောနေကြတာမို့ စိတ်ထဲပြုံးမိပြီးသူတို့အနားမှာဝင်ထိုင်လိုက်တယ်။

"အစ်မကအဆင်ပြေပါတယ်...ချေတို့အတူတူပြန်လိုက်ကြနော်..."

"ညွှန်း ခေါ်လာတာပဲ..ပြန်ပို့ပေးမယ် မမ.."

"ရပါတယ်ညွှန်းရဲ့...အစ်မ taxi နဲ့ပြန်လိုက်မယ်..ချေကိုပဲ ဂရုစိုက်လိုက်နော်..."

"မမ တကယ်ရတယ်နော်..."

"အင်းဆို..."

"အဲ့ဆို မမကို taxi stand မှာချပေးခဲ့မယ်နော်.."

"အင်း..အဆင်ပြေတယ်..."

သူများဆေးထည့်ပေးတာတောင် မျက်နှာကြီးစူပုတ်ပြီးမှုန်ကုပ်ထားတဲ့ ချေ။သူ့မျက်နှာလေးကိုလှမ်းကြည့်မိတော့ ပုံမှန်ဆိုဖြူဖြူသန့်သန့်ကလေးချစ်ဖို့ကောင်းသလောက် ဒေါသထွက်ချိန်အတော်စိတ်ကြီးတဲ့ ချေ။စိတ်ပြေတော့လဲ အပြစ်ကင်းစင်တဲ့ တကယ့်ကလေးတစ်ယောက်ပဲ။ကြည့်နေရင်း စိတ်မှာတစ်မျိုးလေး စချင်လာတာနဲ့ သူ့ဆံပင်တွေဖွဖွလေး လက်ချောင်းနဲ့ထိုးချေပေးကြည့်တာ ကိုယ့်ကိုစောင်းငဲ့ကြည့်လာပြီးခေါင်းလွဲဖယ်လိုက်တာမို့ သဘောကျစွာပြုံးမိလိုက်တယ်။သူမကြိုက်မှန်းသိတာမို့ ထပ်မစဖြစ်တော့။

မ [ Uni🔛Zaw ]Where stories live. Discover now