unicode
OG ဌာနဘက်ဆီ ခြေမျက်စိတွေပေါ်တဲ့အထိ လုံချည်ထဘီကိုလွှင့်နေအောင် ခပ်သွက်သွက်လှမ်းထွက်သွားတဲ့ ကျောပြင်တစ်ခုကို ရိပ်ခနဲ့ လှမ်းမြင်လိုက်တာနဲ့ ကလေးကုသဆောင်ကနေ မဟော် ကမန်းကတမ်းပြေးထွက်လာခဲ့သည်။
ညွှန်းမမှီ ဆိုသောမိန်းမချောနောက်ကို အမှီပြေးလိုက်ခဲ့ပေမယ့် အတော်သွက်တဲ့ကောင်မလေးဗျ။ရုတ်ချည်း ဘယ်ပျောက်သွားသည်မသိ။
မွေးခန်းထဲဝင်သွားတာလား။နားနေဆောင်ထဲဝင်သွားတာလား။လိုက်ဝင်ရင်လဲ ဒီနေ့ကိုယ့် duty ပိုင်းမဟုတ်တော့ အထဲကအလုပ်သင်တွေကစနောက်ကျဦးမှာ။
မွေးခန်းဝမှာပဲ ခေါင်းကုပ်ပြီး ကိုယ့်ကုသဆောင်ဆီလှည့်ပြန်လာခဲ့သည်။လူတစ်ယောက်ကိုချစ်ရတာလဲ မလွယ်ကူပါလားဗျာ...။
မဟော်နဲ့ညွှန်းမမှီ ဆိုတာမူကြိုတည်းက ဆေးကျောင်းအထိ တစ်ကျောင်းတည်းအတူတူကြီးပြင်းလာကြသလို အိမ်ရာတစ်ခုတည်းမျက်နှာချင်းဆိုင်ကပ်လျက်။ဒီလောက်နီးကပ်နေတာတောင် စိတ်ချင်းကျဝေးကွာလွန်းလိုက်တာဗျာ။ညွှန်းကလဲ ကျွန်တော်ကိုဆိုလူမှုရေးအရ မေးတစ်ခွန်းပြောတစ်ခွန်းသာ ပြောဆိုဆက်ဆံတာ ခပ်စိမ်းစိမ်းပါပဲ။
ညွှန်း ဖေဖေက Pilot အရာရှိမို့ သူ့ခရီးစဥ်တွေနဲ့ အိမ်ပြန်လာတာနည်းသည်။တစ်ချို့ကလဲ မိန်းမပွေရှုပ်သည်တဲ့ ပတ်ဝန်းကျင်ဆိုတဲ့သဘောသဘာဝအတိုင်း အတင်းအဖျင်းပြောကြသည်။မဟော်က ကလေးမို့ဘာမှနားမလည်ပေမယ့် မာမီတို့ကတော့ ညွှန်းတို့အိမ်နဲ့ အိမ်နီးနားချင်းကပ်နေတာတောင် ခပ်ကင်းကင်းနေပြီး အခေါ်အပြောမရှိသလို ကိုယ့်ကိုလဲသွားမပတ်ဖို့သတိပေးထားပေမယ့် ကျွန်တော်က လိုလိုလားလားကိုပတ်သက်ချင်တာ။
မဟော် ညွှန်းကိုချစ်သည်။ချစ်တာမှ စိတ်ကစားပြီးစိတ်ကူးယဥ်ချစ်နေခဲ့တာမဟုတ်။ငယ်ငယ်လေးတည်းက ခိုးခိုးကြည့်ပြီး မြတ်နိုးလာခဲ့တာ။Uni စတက်တဲ့နေ့က UM1 Queen ကြောငြာလိုက်ချိန် ညွှန်းထက်ပျော်ရွှင်ကြည်နူးနေမိတာ မဟော်ဆိုတဲ့ ဒီလူသား။
ကိုယ်ချစ်ပေမယ့် ဒီနေ့ထိဖွင့်ပြောဖို့မကြိုးစားဖူးခဲ့တာ ကိုယ်အဆင်သင့်မဖြစ်သေးလို့။ကိုယ့်ခြေပေါ် မရပ်တည်နိုင်သေးလို့ဆို ပိုမှန်လိမ့်မယ်။မဟော် ချစ်တဲ့ မိန်းကလေးကို နာကျင်မှုမပေးချင်ဘူး။ကျွန်တော့မာမီက ညွှန်းတို့မိသားစုအကြောင်းစကားအဖြစ် အပြစ်ရှာပြောတာတောင် တစ်ခွန်းမကျံ ကက်ကက်လန်ပြန်ပြောပစ်တဲ့ ကျွန်တော်က ပျော်ရွှင်မှုတွေခင်းကျင်းတဲ့ နွေးထွေးတဲ့လမ်းကလေးကို မေတ္တာတရားတွေဝေမျှရင်း ညွှန်းနဲ့အတူအချိန်တွေကုန်ဆုံးချင်တာ။
YOU ARE READING
မ [ Uni🔛Zaw ]