အပိုင်း ၁၂

236 23 4
                                    

unicode

မဖြစ်တော့ဘူး။ဒီညတော့ စာစသင်ရမှဖြစ်မယ်။တစ်ရက်ပြီးတစ်ရက် အချိန်သာကုန်သွားတာ အကြောင်းအမျိုးမျိုးကြောင့် ချေနဲ့အတူတူ မျက်နှာချင်းဆိုင် မထိုင်ဖြစ်သေး။စာသင်ဖို့ဆိုဝေး။အဓိက ကသူမအားပေမယ့် သူ့ကျောင်းစာတစ်ဖက်နဲ့မို့ မွေ့နွန်းနားလည်ပေးရပါသည်။

တစ်ခါတလေ သူ့စာဖတ်ခန်းကထွက်လာမယ့်အချိန် ကိုယ်အခန်းဝမှာထိုင်စောင့်နေခဲ့ပေမယ့် ညဥ့်နက်အထိထွက်မလာတတ်လို့ စာဖတ်ရင်းအိပ်ပျော်သွားတာလား အခန်းထဲဝင်ကြည့်လဲ လူကိုမတွေ့ရ။ဘယ်အပေါက်ကနေ ဘယ်လိုသူ့အခန်းပြန်ဝင်သွားလဲမသိ။သူ့အခန်းတံခါးသွားခေါက်ရင်လဲ အထဲမှာရှိနေတာတောင် အသံမပေး။လော့ချထားတာမို့ တွန်းဖွင့်ပြီးဝင်လို့လဲမရ။ဒီကလေးနဲ့မှ ကိုယ်အတော်စိတ်ရှည်ရှည်ထားနေရသည်။

"ဟင်း..."

သင်ပြင်းရှည်ကြီးတစ်ချက်ချပြီး ကိုယ့်စိတ်ကိုအားယူပြင်ဆင်လိုက်တယ်။ခုချိန် အထဲမှာသူရှိနေတာ ကိုယ်သိတာမို့ တံခါးခေါက်မနေတော့ပဲ စာဖတ်ခန်းတံခါးကို ကိုယ့်သဘောနဲ့ကိုတွန်းဖွင့်ဝင်လိုက်တယ်။ထင်တဲ့အတိုင်း အမောင်လူချောက စာအုပ်စင်ဘေးဆိုဖာပေါ်မှာ ပက်လက်လှန်အနေထားနဲ့နားကြပ်ကြီးတပ်ပြီး ငြိမ်နေတာ။ကိုယ်ဝင်လာတာ သတိထားမိပုံမရ။ခြေကိုဖွပြီး ဖြည်းဖြည်းလေးတိုးကပ်သွားလိုက်တယ်။ဘာသီချင်းများနားထောင်နေတာလဲသိချင်တာနဲ့ ကိုယ့်ခါးအနည်းငယ်ကိုင်းကာ ကိုယ့်နားစည် သူ့ရှိရာကိုတိုးကပ်လိုက်တယ်။အသံကုန်ဖွင့်ထားတာဆိုတော့ အပြင်ထိသဲ့သဲ့ကြားနေရတဲ့ တယောသံသဲ့သဲ့လေးကအတိုင်းသား ဆွေးဆွေးမြည့်မြည့်လေး။

"ဟင်း..."

ဒုတိယသက်ပြင်းသဲ့သဲ့လေးတစ်ခု ထပ်ချမိပြန်တယ်ကိုယ်။ဒီကလေးက အဆွေးသီချင်းတွေပဲ ကြိုက်တတ်တာလားမသိ။ဖြူဖြူစင်စင်လေး ငယ်ရွယ်ပျိုမျစ်နေတဲ့ သူ့မျက်နှာလေးကအလွမ်းအဆွေးသံစဥ်တွေနဲ့မလိုက်ဖက်လိုက်တာ။ဒါကြောင့်လဲ အခြားကလေးတွေလို ဖျတ်ဖျတ်လတ်လတ်မရှိ ငေးငိုင်နေတတ်တာကိုး။ညွှန်း လိုသွက်သွက်လက်လက်ရှိရင်တောင်  ကိုယ်ပြောင်းလဲရလွယ်ဦးမည်။အခု ကိုယ်ပြုပြင်ပေးရမှာလဲ ခံမပြောနားမထောင်တတ်တဲ့ စိတ်မြန်လက်မြန်ဂျစ်ကန်ကန်လေးမို့ ပြောရဆိုရ နားလည်ရအခက်သား။

မ [ Uni🔛Zaw ]Where stories live. Discover now