အပိုင်း ၃၅

261 24 9
                                    

unicode

ကားပါကင်ထိုးပြီးတာနဲ့ မေမေ ဓာတ်ခွဲခန်းသို့ တန်းတန်းမတ်မတ် လှမ်းတက်ခဲ့သည်။

အပေါ်ကကုတ်အင်္ကျီဆွဲချွတ်ပြီး နက်ခ်တိုင်လည်စည်းပါ တစ်ပါတည်း ကပျာကယာဖြုတ်လိုက်သည်။

အဖြူရောင်ဆေးလက်အိတ်တစ်စုံကောက်ဝတ်လိုက်တယ်။လက်ထဲ ဆေးလုံးဖြူလေးတစ်လုံးသွန်ချပြီး တစ်ပါတည်းမော့သောက်ပစ်လိုက်တယ်။ပြီးနောက် ဆေးပုလင်းတွေကြားက တစ်စုံတစ်ခုကောက်ယူပြီး ဘောင်းဘီအိတ်ထဲ လက်နှစ်ဖက်ထိုးထည့် အေးစက်စက်ခြေလှမ်းတွေနဲ့ အိမ်အမိုးပေါ်သို့ တက်ခဲ့သည်။

လေအလာမှာ လွန့်လူးနေတဲ့ အဖြူရောင်ကန့်လိုက်ကာစတွေက နေရောင်နဲ့ဆော့မြူးပြီး ပျော်မြူးကာ ကခုန်နေကြသည့်အတိုင်း။ပန်းရနံ့တွေကြား ကော်ဖီစားပွဲလေးတစ်ခုပေါ်မှာ ငြိမ်ငြိမ်လေး စာထိုင်ဖတ်နေတဲ့ မ'...။

ကျွန်တော့်ခြေသံတွေကြားလို့ထင် လည်ပြန်လှည့်ငေးချိန် နွမ်းလျနေတဲ့ မျက်ဝန်းလေးတွေ။မြင်ရသူ ရင်မှာ နင့်ခနဲ့နာကျင်စေလိုက်တာ။

ခံစားချက်တို့ လူမမြင်အောင်သိုဝှက်ထားတဲ့ ဟန်ဆောင်တဲ့ အပြုံးလေးတစ်ပွင့်။နှုတ်ခမ်းပါးပါးလေးတို့ တွန့်ကွေးယုံသာ။

"ပြန်ရောက်ပြီလား ချေ..."

"အင်း..."

ဖတ်လက်စ စာအုပ်အဖုံးပိတ်ပြီး ကျွန်တော်ကို အရေးတယူစကားဆိုနေတာမို့ ရင်မောရပေမယ့် အပြုံးတစ်ပွင့်နဲ့အတူ ခေါင်းတစ်ချက်ညိတ်ပြလိုက်တယ်။

မ' ရဲ့ပျော်ရွှင်ခြင်းတရားတို့သည် ဒီချစ်ခြင်းနဲ့အတူရောပါသွားပြီလား။သူ့ကို အရမ်းချစ်တာပဲလားဗျာ။ဒီလိုကြီးတော့ မရှင်သန်ချင်ပါနဲ့။အရမ်းကြီး မတည်ငြိမ်သွားပါနဲ့လား။

မငိုချယုံတမယ် တိမ်ညိုတွေလို အုံ့မှိုင်းနေတဲ့ မျက်လွှာလေး။မ' ကိုယ်စား ကျွန်တော်မွန်းကြပ်ပူလောင်ရပါတယ်။

"မ..."

"အင်း..."

"အဆင်ပြေရဲ့လား..."

"ရပါတယ် ချေ...မ' အဆင်ပြေပါတယ်..."

အပြုံးယဲ့ယဲ့လေးနဲ့ မျက်လွှာချသွားတဲ့ မ'။ကော်ဖီစားပွဲခုံထက်က စာအုပ်အဖုံးကို တမင်မျက်နှာလွဲပြီး စိုက်ကြည့်နေတာ။

မ [ Uni🔛Zaw ]Where stories live. Discover now