unicode
ဒူဘိုင်း...တဲ့။
အာရပ်စော်ဘွားတို့ ကြီးစိုးရာအရပ်။သဲကန္တာရနှင့်ပင်လယ်သမုဒ္ဒရာကြား နိုင်ငံကြီးတစ်ခု တီထွင်ကြံဆတည်ဆောက်ထားတဲ့ ဦးနှောက်တွေကို မလေးစားပဲ မနေနိုင်ပါ...။မြင်လေရာ ခန့်ညားလိုက်တာ။ခေတ်မှီ သစ်လွင် ဆန်းပြားမှုတွေ၊အရောင်စုံတဲ့အလှတွေ ထွန်းသစ်ခန့်ထည့်နေတာ လူ့ဘဝနိဗ္ဗာန်ဘုံဟု တင်စားလောက်ပါပေတယ်...။
ဝရန်တာကနေ တခမ်းတနားငေးကြည့်နေတာတွေ ရပ်တန့်ပြီး အနားယူအိပ်စက်ဖို့ အခန်းထဲပြန်ဝင်ခဲ့သည်။
ဖေဖေနဲ့မေမေက ဟိုတယ်မှာကျင်းပပေးတဲ့ အကြို new year party မှာ ပေါ့ပေါ့ပါးပါး ကခုန်နေကြသည်မို့ ကိုယ်တစ်ယောက်တည်းအဖော်မဲ့နေမယ့်အတူ ပါတီခန်းမက စောစောပြန်ခဲ့လိုက်သည်။နိုင်ငံခြားသားတွေနဲ့လဲ ကိုယ်တွဲမကချင်ဘူးလေ။
ဝိုင်ဖြူခွက်ကို စားပွဲပေါ်တင်ခဲ့ပြီး ကုတင်ပေါ် ချေပစ်လက်ပစ် လှဲပစ်လိုက်သည်။ခေါင်အုံးဘေး ဖုန်းကအဆင်သင့် မြင်နေရတာမို့ ကောက်ယူပြီး ညနေက dinner စားတဲ့ပုံတွေ တစ်ပုံချင်းကြည့်နေမိသည်။
စိတ်ထဲပျော်ခဲ့လား၊ဝမ်းနည်းခဲ့လား ဘာတစ်ခုမှရေရေရာရာ မခံစားမိရပေမယ် အမှတ်တရအဖြစ်သိမ်းချင်တာမို့ facebook မှာ တင်လိုက်သည်။family dinner ပေါ့...။
just now ပဲရှိသေးတယ် love reaction က ချက်ချင်း noti တက်လာတယ်။ကိုယ်သိတာပေါ့။တကူးတက ကြည့်စရာမလို။
အဲ့တာ မဟော်...။
coment မှာ...
"Happy Family "တဲ့။ဦးဦးဖျားဖျား တကူးတက ဝင်မန့်ထားသေးတာ။သူလဲ တကယ်မလွယ်။ဘယ်ချိန်ထိ ကိုယ့်ကိုစောင့်ကြည့်နေမည်လဲ မသိ။ကိုယ်သတိထားမိသလောက်တော့ အလယ်တန်းကျောင်းသူလောက်တည်းက မဟော် က ကိုယ့်ကိုခိုးခိုးကြည့်နေတတ်တာ။အတော် ဇွဲကောင်းတယ်။ထင်ထင်ပေါ်ပေါ်ကြီး မဟုတ်သလို ဘာအနှောင့်အယှက်မှလဲမပေး အဝေးကနေငေးကြည့်နေတတ်တာ အနားရောက်ရင် ပြုံးပြနေယုံသာ။ ကိုယ့်အတွက် ဘာခံစားချက်မှမရှိသလို စိတ်အနှောက်ယှက်လဲ မဖြစ်တာမို့ မဟော် နဲ့မေးထူးခေါ်ပြော မပျက်...။
YOU ARE READING
မ [ Uni🔛Zaw ]