အပိုင်း ၃၂

219 18 6
                                    

unicode

လှပသော မနက်ခင်း။နွေးထွေးသော နေခြည်။
ရာသီက နွေဦးအချိန်အခါ။

လမ်းပေါ်မှာ ရော်ရွက်ဝါအကြွေတွေမြေခလျက်၊မြင်လေသမျှ သစ်ပင်တိုင်း ရိုးတံပြိုင်းပြိုင်း။အရွက် အခတ်တွေ ဗလာကျင်းထီးထီးချည်းသာ။

နွေဦးမှာ လေရူးတို့ဆော့ကစားတိုင်း သစ်ရွက်ခြောက်ဝါဆီမှ လှပတဲ့ဂီတသံစဥ် ဆိုညဥ်းနေသည့်ပမာ အရွက်ခြောက်တို့ ဟိုမှသည်မှ ကခုန်လျက် တမျိုးလေးလွမ်းဆွေးစေတာ နွေရဲ့အလှပပဲမလား...။

သစ်ရွက်ပေါ်မှာ ဖြတ်နင်းသွားလာနေကြတဲ့ ခြေဖဝါးလေးတွေမှာလဲ ပျော်ရွှင်ခြင်းတွေ၊ကြည်နူးခြင်းတွေ၊ဂုဏ်ယူခြင်းတွေ ခယလျက်။ အောင်မြင်ခြင်းတွေ ပီတိဖြာကာ ဝန်းရံထားကြသော ကိုယ်ဆီအပြုံးလှလှလေးတွေ။

ဒီနေ့...။
ဘွဲ့ယူတဲ့နေ့...။
အရောင်အဆင်းစုံစွာ ဖူးပွင့်ဝေဆာကြမယ့်ပန်းကလေးတွေ။

နှစ်ချီကာ ဆေးပညာသင်ယူခဲ့ကြတဲ့ ဆေးကျောင်းကလေးတွေရဲ့ ဂုဏ်ယူရတဲ့နေ့လေးတစ်နေ့။

သူတို့ ဆေးသိပ္ပံလက်မှတ် လက်ခံယူကြမည့်နေ့။ဆရာဝန်ဖြစ်ကြောင်း မှတ်တိုင်စိုက်ထူကြသည့်နေ့။

ခန်းမကြီးထဲ ဟိန်းထနေသော လက်ခုပ်သြဘာသံနဲ့အပြိုင် သူတို့နှလုံးသားစည်းချက်ကလေးတွေ ရင်ခုန်လှုပ်ခတ်နေကြမှာပဲ။ပျော်ရွှင်နေကြမှာ မလွဲ။

သို့သော် ညိုးနွမ်းနေတဲ့ မျက်နှာသေကြီးနဲ့ ခပ်တည်တည်ကြီးမျက်လွှာချကာ မလှုပ်မယှက်ထိုင်နေတဲ့ ကလေးတစ်ယောက်တော့ ထူးထူးခြားခြားပေါ်လွင်နေတာမို့ အဝေးကနေ ဂရုတစိုက်ငေးကြည့်နေမိတယ်။

ဒီအချိန်မှာ ထိုကလေးတစ်ခုခုထလုပ်မိမှာ စိတ်ပူမိတာထက် ပို၍ငြိမ်သက်လွန်းနေတာကြီးကို စိတ်မကောင်းဖြစ်နေရတယ်။

" ချေရယ်..."

တိုးတိုးလေး ကလေးပါပဲ ခေါ်လိုက်မိတယ်။ဂရုဏာသက်စွာ အဝေးကနေ ငေးကြည့်နေမိတယ်။

သဘာပတိကြီး မိန့်ခွန်းချွေနေတာလဲ နားထောင်နေဟန်မရှိ။ဘေးဘီဝဲယာ အများပျော်ရွှင်နေကြတာလဲ စိတ်ဝင်စားဟန်မရှိ။သူများလက်ခုပ်ထတီးလဲ သူကကျောက်ရုပ်ပမာ။ဒီခန်းမထဲသာရောက်လာတာ တာဝန်အရထိုင်နေရသလို သူနဲ့ဘာမှမသက်ဆိုင်သလို ငူငူကြီးနေနိုင်လိုက်တာ။စိတ်က ဘာတွေတွေးနေပြန်ပြီလဲ မသိ။

မ [ Uni🔛Zaw ]Where stories live. Discover now