အပိုင်း ၆

255 22 4
                                    

unicode

"ဒေါက်..ဒေါက်..ဒေါက်..."

"ဟင်..ဘာလာရှုပ်ပြန်ပြီလဲဗျာ..."

ကိုယ်ထိုင်နေတဲ့ကျောအနောက်ဘက်ဆီက တံခါးခေါက်သံ ကြားရသည်နှင့်ရေးလက်စာကြောင်းရှည်ကိုရပ်တန့်လိုက်ပြီး ဘောလ်ပင်ကို စာအုပ်ပေါ်ပစ်တင်လိုက်သည်။

"ဒေါက်..ဒေါက်..ဒေါက်..."

ဒုတိယအကြိမ်ထပ်ခေါက်နေပြန်သည်။ဒီတစ်ကြိမ်တော့ ခန္ဓာကိုယ်ကိုအနည်းငယ်လှည့်ပြီး စာကြည့်စားပွဲခုံကနေ တံခါးရှိရာလှမ်းကြည့်နေမိသည်။ကိုယ်ဘာအသံမှပြန်မထူးလဲ သူဝင်လာမယ်ဆိုတာသိ၍ တမင်ငြိမ်ပြီးစောင့်ကြည့်နေလိုက်သည်။ကိုယ်ထင်တဲ့အတိုင်းပဲ မကြာပါ။

"ချေ..အစ်မဝင်ခဲ့မယ်နော်..."

ခွင့်တောင်းသံအဆုံး ပိတ်ထားတဲ့တံခါးလေးပွင့်ဟလာတယ်။ဦးခေါင်းအရင်ဝင်လာပြီး စာဖတ်ခန်းထဲဝေ့ကြည့်လာတယ်။ကိုယ်ငေးကြည့်နေတာနဲ့အကြည့်ချင်း တည့်တည့်တိုးတော့ ကိုယ့်ကိုနွေးထွေစွာပြုံးပြပြီး ရဲရဲတင်းတင်းလှမ်းဝင်လာခဲ့သည်။

"ချေ..ခြေထောက်သက်သာရဲ့လား..."

ကိုယ့်အရှေ့ရောက်တာနဲ့မေးခွန်းတွေကစပြီ။ကိုယ့်ခြေထောက်ကပတ်တီးကိုကြည့်ပြီးမေးနေတာ။

"အင်း..."

ခေါင်းတစ်ချက်ညိတ်ပြလိုက်ရသည်အထိ သူ့အကြည့်တွေက ကြင်နာမှုတွေနဲ့။ကိုယ့်မျက်ဝန်းတွေအကြည့်လွဲလိုက်ပေမယ့် စိတ်ကဥပေက္ခာပြုလို့မရ။

ကိုယ့်ကပဲ ထူးဆန်းနေလို့လားမသိ။ပန်းရောင်ကာတွန်းညဝတ်အင်္ကျီကိုပဲ ရိုးရိုးလေးဝတ်ဆင်ထားတာ။မနက်ပိုင်း မြင်တွေ့ရသလို မိတ်ကပ်တွေ ဘာညာတွေမရှိ။မျက်နှာပြောင်ကြီးနဲ့။ဖြောင့်စင်းတဲ့ဆံနွယ်တွေ ဘေးတစ်ဘက်တည်းစုချထားတာတောင် ကိုယ့်အမြင်မှာ ဆွဲဆောင်မှုရှိကာ ကြည့်ကောင်းနေတာ သေချာပါပြီ ကိုယ်မရိုးသားတော့တာ။

"အတော်နက်သွားတယ်ထင်တယ်...ချေ လှမ်းသွားတဲ့ခြေရာတွေမှာသွေးတွေပေကျန်ခဲ့တယ်...ကာကွယ်ဆေးထိုးထားဦးနော်..ခြေဖဝါးဆိုတော့ပိုးဝင်လွယ်တယ်..."

မ [ Uni🔛Zaw ]Where stories live. Discover now