အပိုင်း ၃၆

257 24 10
                                    

unicode

ကိုယ့်ရဲ့ ဖန်သားနှလုံးသားလေးသည် အစိတ်စိတ်အမွှာမွှာကွဲကြွေသွားရသော အခိုက်အတန့်...။

မရူးယုံ တမယ်ပါပဲ လောကဓံရယ်။ဘယ်လိုတွေ လုပ်ရက်လိုက်တာလဲ။

ကိုယ်ဘယ်လို ​ဖြေဆည်ရမလဲလေ...။

ငြိမ်သက်လွန်းလှတဲ့ ကလေး။တစ်ချက်ကလေးတောင် မရယ် မပြုံး၊ငိုကြွေးဖို့မဆိုထားနဲ့ မျက်နှာလေးယောင်လိုတောင် မဲ့မသွားတဲ့ သူ့သတ္တိတွေ ကိုယ်မလေးစားပဲမနေနိုင်။

ဘယ်လိုတွေတောင် စိတ္တခွန်အားတွေ ပြင်းထန်နေရတာလဲ ကလေးရယ်...။

ကိုယ့်မှာ တစ်စိမ့်စိမ့်ငေးကြည့်နေရင်း ရင်ကွဲမတတ် အားနာလိုက်ရတာ ချေ။

ကိုယ့်တစ်ဘဝစာအသက်ရှူနှုန်းတိုင်းသည် လွမ်းဆွေးစရာ နာကျင်ခြင်းများနှင့် ရှင်သန်သွားရတော့မှာ မလွဲဧကန်...။

ဘာဖြစ်ဖြစ် ဘယ်သူကပဲမှားမှား ကိုယ့်ကြောင့် သူ့ဘဝ ကန့်သတ်ခံရတော့မည်မို့ ဘယ်သောအခါမှ မိမိကိုယ့်ကိုယ် ခွင့်လွှတ်နိုင်မည်မဟုတ်။

ကိုယ့်မျက်ဝန်းတွေတောင် သေသေချာချာရင်ဆိုင်မကြည့်ဝံ့တဲ့ ကလေးလေးတစ်ယောက်က ဒီလိုဆုံးဖြတ်ချက်မျိုး ဘယ်လိုစိတ်ကူးပေါက်လို့ ခွန်အားတွေရှိသွားရတာလဲကွယ်။

မင်းရဲ့ တည်ငြိမ်ခြင်းက ကိုယ့်ရဲ့ဝမ်းနည်းခြင်းမြစ်ဖျားခံရာ အစိုင်အခဲတစ်ခုဖြစ်လာရမယ်လို့မတွေးထင်ခဲ့ဖူးဘူး ကလေးငယ်...။

တကယ်တော့ မင်းဆီပျော်ရွှင်မှုတွေ ယူဆောင်လာပေးဖို့ ကိုယ့်မှာသာတာဝန်ရှိသူပါ။

မင်းနဲ့အနီးကပ်ဆုံးရှိခဲ့တာတောင် နဲနဲလေးမှ မင်းစိတ်ကို မဖတ်နိုင်ခဲ့တဲ့ မ'က တကယ်တာဝန်မဲ့လွန်းတာပါ...။

ငြိမ်သက်တဲ့ရေပြင်ဟာ မုန်တိုင်းမလာခင် အရှိန်ယူတတ်တဲ့ လေညှင်းပမာ ကြောက်မက်ဖွယ်ရာ အကောင်းဆုံးဆိုတာ ကိုယ်လက်ခံလိုက်ပါပြီ...။

ကိုယ့်ကံကြမ္မာကို မင်းလက်နဲ့ရေးသွားခဲ့တယ်။မင်းနဲ့မှ မဆိုင်တာကိုကွယ်။ကိုယ့်ရင်တွေ ကျိုးရချည်ရဲ့...။

မ [ Uni🔛Zaw ]Where stories live. Discover now