အပိုင်း ၄၀

925 36 11
                                    

unicode

" လွမ်းရယုံလေးပဲ တတ်နိုင်တာမို့ လွမ်းရပါတယ် ...

မ အလွမ်းကြောင့်တော့ မတွေဝေစေချင်ပါဘူး ကလေးရေ...

ငေးရယုံလေးပဲ တတ်နိုင်တာမို့
မမြင်ရရင်တောင် အတွေးနဲ့ငေးမိပါတယ်...

မ အချစ်ကြောင့်တော့ ချစ်ခြင်းမေတ္တာကိုအကြောင်းပြ မချည်နှောင်ချင်ပါဘူး ကလေးရေ...

နေ့ရက်တိုင်း ပျော်နေစေချင်တယ်...

ပြီးတော့...
ကိုယ့်ကိုကိုယ် ဂရုတစိုက်ချစ်တတ်စေချင်တယ်...

မနက်ခင်းတိုင်း နေရောင်ခြည်လေးလို ကြည်လင်နွေးထွေးစေချင်တယ်...

နေ့လည်ခင်းတိုင်း လေပြေလေညှင်းလေးတွေလို လန်းဆန်းတောက်ပစေချင်တယ်...

ညအိပ်ယာဝင်တိုင်း ကြယ်ကလေးနဲ့အပြိုင် အတွေးမရှိ အိပ်ပျော်စေချင်တယ်...

ဒီလောက်လေးပါပဲ...

ပျော်ပျော်နေစေချင်တယ် ကလေးရေ...."

စာအုပ်ကြားမှာ ညှပ်ဝင်နေတဲ့ လက်ရေးနဲ့သီထားတဲ့ ကဗျာလေးတစ်ခုက ဘယ်သူ့ကို ရည်ညွှန်းတာလဲဆိုတာ မသိသော်ညားလဲ စိတ်မှာ လိုလိုလားလားနှစ်သက် ခံစားမိသည်မို့ ခပ်ဟဟလေး ပြုံးမိလိုက်သည်။

တရေးနိုးချိန် ကျွန်တော့်စာအုပ်တွေ လွမ်းစိတ်ဖြစ်လာတာနဲ့ စာဖတ်ခန်းဝင်ခဲ့တာ။စာအုပ်သစ်လေးတွေ အများကြီးထပ်ဖြည့်ထားတာပဲ။

စာအုပ်စင်က စာအုပ်တွေ ငေးကြည့်ရင်း ဆရာမကြီးခင်စောတင့် ရေးသားတဲ့ ဘဝရဲ့စည်းမျဥ်းများ စာအုပ်ကိုမျက်စိသဘောကျမိ၍ ဆွဲထုတ်လိုက်တာ အထဲက စာရွက်ထိပ်မှာ ခဲသားနဲ့ရေးသီထားတဲ့ ကဗျာတိုလေးတစ်ပုဒ်...။

မ အားလပ်ချိန်တိုင်း စာဖတ်ခန်းထဲမှာ အချိန်ကုန်နေမှန်း သိသာလွန်းတယ်။

ပြတင်းပေါက်နားကို လျှောက်ခဲ့ပြီး လိုက်ကာဆွဲဖွင့်လိုက်တယ်။အပြင်မှာ မြူတွေဖုံးလွှမ်းနေတုန်းပဲ ရှိသေးတယ်။

ပတ်ဝန်းကျင်တစ်ပြင်လုံး ဖြူဖြူဖွေးဖွေး မြင်းကွင်းပြင်အောက်မှာ ညင်သာသာ အိပ်စက်နေကြတုန်း။

မ [ Uni🔛Zaw ]Where stories live. Discover now