unicode
ညတာရှည်တဲ့ ဆောင်း။
မြူတွေ ပြုစားတဲ့ဆောင်း။
စိတ်လေနှင်ရာ မျောလွှင့်နေတဲ့ဆောင်း။အထိန်းအကွပ်မရှိတဲ့ မီးတောက်ကြားမှာ ကိုယ့်နှလုံးသားအရည်ပျော်ခဲ့ရပြီ။အချစ်က နဲနဲဆိုးသွမ်းပေမယ့် ရိုးစင်းပါတယ်။သူ့မှော်ဝင်နှုန်းလေးတွေ နှုတ်ခမ်းချင်း ဆုံတွေတိုင်း ဖြာကျသွားတဲ့မီးရှူး မီးပန်းလေးတွေအတိုင်း နှလုံးသားနဲ့ခံစားကြည့်တိုင်း ကြည်နူးခြင်းများစွာ...။
ဒီမျက်ဝန်းလေးတွေ ဆုံတိုင်းအခုန်မြန်လာတဲ့နှလုံးသားလေးလဲ မမျှော်လင့်ပါပဲ လောင်မြိုက်နေတဲ့မီးတောက်ကြားမှာ ယစ်မူးခဲ့ရပြီမို့ အချစ်ပဟေဠိတို့ပြည့်နှက်နေတဲ့ ဒီနှလုံးသားလေးလဲ ငြိမ်းချမ်းသင့်ပါပြီ။
ကျေးဇူးပြု၍ နောက်ထပ်မခုန်ပါနဲ့တော့...။
တစ်ပေါက်ပေါက် ကျနေတဲ့နှင်းကျသံ။တိတ်ဆိတ်ခြင်းမှာ သိသိသာသာဆူညံလွန်းတာမို့ ဘယ်လိုမှကြိုစားအိပ်လို့မရတော့။ထိုးကိုက်နေတဲ့ဦးခေါင်း၊နာကျင်နေတဲ့ အသားစိုင်တွေ ဥပေက္ခာပြာရင်း မျက်ခွံတို့တွန်းဖွင့်လိုက်တယ်။
ပထမဆုံး မြင်တွေ့ရတာ ကိုယ့်ရင်ဘတ်ပေါ်မှာနှစ်ခြိုက်စွာအိပ်စက်နေတဲ့ မဟေသီတစ်ပါး။သူ့နှာသီး နှာဖျားက ရှူသွင်း ရှူထုတ်လုပ်နေတဲ့ လေငွေ့နွေးနွေးနဲ့အတူ ကိုယ့်ရင်အုံလဲ နိမ့်ချည်မြင့်ချည် ဟန်ချက်ညီနေတာ။လူပေါ်မှာအိပ်နေလိုက်တာများ လူသားမွေ့ယာများမှတ်နေလား ခြေပစ် လက်ပစ်ကြီးပဲ။
အရင်ဆုံး ကိုယ့်လက်ချောင်းလေးတွေ စလှုပ်ကြည့်သည်။လေးလံထိုင်းမှိုင်းမနေတော့။လက်တစ်ဖက်မြောက်ကြည့်လိုက်တယ်။လေပေါ် လွှင့်ခနဲ့ပဲ ပေါ့ပါးနေတာ။အခြေနေကောင်းမွန်လာပြီမို့ ကိုယ်ပေါ်လေးတွဲကျနေတဲ့ခန္ဓာကိုယ်ကို ဘေးဘက်တွန်းချလိုက်သည်။
"အင်း..."
ညဥ်းသံတစ်ချက်သဲ့သဲ့လေး ကြားရပြီး ပြန်ငြိမ်ကျသွားတာ ငြိမ်ငြိမ်လေးငေးကြည့်နေမိတယ်။နဖူးကဆံနွယ်တွေ ခပ်ဖွဖွလေး လေမှုတ်ကြည့်လိုက်တယ်။ငြိမ်ချက်ကောင်းတုန်း။လက်ညိုးကလေးနဲ့ သူ့ပါးပြင်တစ်ဖက်လှမ်းထိုးကြည့်လိုက်တယ်။နဲနဲလေးမှ မလှုပ်လာတော့။အတော်အိပ်ပုတ်တာပဲ။
![](https://img.wattpad.com/cover/285426731-288-k887273.jpg)
YOU ARE READING
မ [ Uni🔛Zaw ]