အပိုင်း ၂၂

207 22 4
                                    

unicode

စိတ်ထဲ ငိုချင်သလိုလို၊အော်ဟစ်ပစ်လိုက်ချင်သလို ဝမ်းနည်းလာသလိုကြီးက လူကိုအရှုံးသမားဖြစ်စေသလား။စိတ်က နွမ်းတော့ လူက မလန်း ငူငူကြီးသာထိုင်နေမိတော့တယ်။သက်ပြင်းတိုးတိုးလေး ခိုးချမိတယ်။

ညွှန်းကို ကြည့်မိတော့ ကိုယ့်ကိုအကဲခတ်သလို မလွတ်တမ်းလိုက်ကြည့်နေတာ။ငယ်ပေါင်းတွေပဲ ကိုယ့်ဘာဖြစ်နေလဲ သူမရိပ်မိပဲနေမလား။

"ငါပြောရင် နင်လန့်မသွားနဲ့..."

"အင်း..."

ကိုယ်တိုးတိုးလေး လေအုပ်ပြောတော့ အနားပိုတိုးကပ်လာပေးပြီး သေချာနားထောင်ရှာတယ်။ပါးစပ်မှာလဲ ယမာကာရနံ့တွေမွှန်လို့။တကယ်တော့ အသံတိုးပြီးပြောစရာကိုမလိုတာ။Box တွေဖွင့်ပြီး သီချင်းတွေအော်ဆိုနေကြတာ နားကွဲလုမတတ်။

"ငါချစ်နေတာ တစ်ခြားလူမဟုတ်ဘူး..."

"အင်း..ဘယ်သူလဲ..."

"မ..."

"ဘယ်သူ...ငါမကြားလိုက်ဘူး..."

အကင်ခုံတန်းဆီ မေးထိုးပြလိုက်တာ ညွှန်းလဲလိုက်ကြည့်တယ်။ဘေးတစ်စောင်းလေး လှမ်းမြင်ရတာတောင် ငေးမဝအောင် မဟာဆန်တဲ့ကျက်သရေအပြည့် အလှတရား။ငေးခွင့်ပဲရှိတာတောင် စိတ်ကိုကျေနပ်ပျော်ရွှင်စေတဲ့ မေတ္တာတရား။တန်ဖိုးကြီးလွန်းတယ် မလား။

"မမ လား..."

"အင်း..."

"ဘယ်လို..."

ညွှန်း ကိုယ့်ကို တအံတသြ လည်ပြန်ကြည့်လာတယ်။ခေါင်းထပ်ညိတ်ပြလိုက်တယ်။ညွှန်း မျက်ဝန်းတွေ ဝိုင်းစက်သွားတာ သတိထားမိလိုက်တယ်။

"ငါ့ကို တစ်မျိုးမြင်ချင်မြင် ညွှန်း...ဟုတ်တယ်...ငါ မကိုချစ်တယ်..."

"မမ မှာ ချစ်သူရှိတယ်လေ..."

"ငါသိတယ်..ဒီနှလုံးသားကမသိတတ်တာ...ငါထိန်းချုပ်လို့မရဘူး..."

လေသံက အဖျားခတ်ကာတုန်လှုပ်သွားပြီးနောက် မျက်လွှာချ ခေါင်းငိုက်ထားမိလိုက်သည်။ခပ်တိုးတိုးလေးပြောလိုက်တဲ့ စကားရဲ့အတိမ်အနက်တွေ ညွှန်းနားလည်မှာပါ။

မ [ Uni🔛Zaw ]Where stories live. Discover now