အပိုင်း ၁၈

192 19 2
                                    

unicode

ဒီနေ့မှ အသွင်စပြောင်းတဲ့ချေကို လူထူးလူဆန်းလိုလက်မြှောက်ပြီးသာ စိတ်ရှည်လက်ရှည်ဆိုင်အဝင်ဝကနေ ရပ်ကြည့်နေလိုက်တယ်။တစ်ဆိုင်လုံးက ပန်းတွေ လှည့်ပတ်ကြည့်ပြီးမှ ကိုယ့်ရှိရာပြန်လျှောက်လာပြီး မျက်နှာမှုန်ကုတ်ကုတ်နဲ့ဘာကိုအလိုမကျပြန်လဲမသိ။

"ချေ..ဘာဖြစ်လို့လဲ..."

ကိုယ်ပဲ အလိုက်သင့် ကြိုပြီးမေးလိုက်ပါတယ်။သူ့စိတ်က ဘာဖြစ်နေမှန်းမှ ကိုယ်တွေးလို့မရတာ။

"ငါ ပန်းစည်းတစ်ခုလိုချင်တယ်...ဘာပန်းဝယ်ရမလဲမသိဘူး...ညွှန်း..."

"နင်က ဘာအတွက် သုံးမှာလဲ..."

"ငါကို ပန်းရွေးပေးပါလား..."

"အင်းပါ..ငါမေးတာအရင်ဖြေပါဦး...မွေးနေ့လား..မင်္ဂလာဆောင်လား..ဂုဏ်ပြုပါတီလား...ဘယ်လိုပွဲအတွက်လဲ..."

"ငါ......"

သူ့စကားရပ်ပြီး အနီးနားပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သေးတာ။ဆိုင်က staff တွေကလဲ ခပ်လှမ်းလှမ်းကကောင်တာမှာ မျက်နှာချိုချိုလေးတွေနဲ့အလုပ်လုပ်နေကြတာပဲ။လက်ရှိသူနဲ့ကိုယ်နှစ်ယောက်တည်းကို ဘာတွေကြောင်နေပြန်တာလဲ။

"ငါ propose လုပ်မလို့..."

"ဟမ်..."

"အင်း..."

ခပ်တည်တည်နဲ့ ခေါင်းညိတ်ပြနေတာ ကိုယ်နားကြားမှားတာလား အမြင်တွေဝေဝါးကုန်တာလားမသိ။ချေ နဖူးကို လက်ကခပ်မြန်မြန်ပဲစမ်းကြည့်လိုက်တယ်။လူက နေကောင်းပါတယ်။စိတ်ကဘာတွေ ထဖောက်တာ။

"တကယ်ကြီးလား..."

"အင်း..."

မယုံလို့ သေချာအောင်ထပ်မေးကြည့်ရတယ်။ညွန်းနဲ့အနီးကပ်ဆုံးနေတာ သူစိတ်ဝင်စားတဲ့လူမှ အရိပ်အယောင်တောင်မမြင်ဖူးတာ။ကောက်ကာငင်ကာကြီးဆိုတော့ သူ့ကြောင်နေတာလား ညွှန်းပဲကြောင်နေတာလား။

"နင် ကြိုက်နေတဲ့သူရှိတယ်ပါ့..."

"အင်း..."

"​ဆိုစမ်းပါဦး...ဘယ်သူကို propose လုပ်မှာလဲ..ကျောင်းထဲကလား..အပြင်ကလား...ငါ့လဲတစ်ခါမှမပြောပြဘူး..."

မ [ Uni🔛Zaw ]Where stories live. Discover now