အပိုင်း ၅

292 24 4
                                    

unicode

သင်တန်းက ပြန်ရောက်ပြီးတည်းက အလုပ်မရှိအားနေတာမို့ ချေ ရဲ့စာဖတ်ခန်းလေး သန့်ရှင်းရေးလုပ်ပေးဖို့ တီခက်ကိုခွင့်တောင်းပြီးဝင်ခဲ့သည်။စာအုပ်တွေ မြတ်နိုးတတ်တဲ့ သူ့စိတ်ထားလေးကတော့ လူလိုပဲချစ်ဖို့ကောင်းသား။

ဒီကလေးက စည်းကမ်းတော့ရှိတယ်။စာအုပ်တွေ သေသေသပ်သပ်နဲ့အစီအရီ။ဖတ်လက်စစာအုပ်တွေလဲ ပျံ့ကျဲမနေပဲ စားပွဲခုံမှာအထပ်လိုက်စီထားတတ်တာ။အရောင်စုံဘောလ်ပင်၊ခဲတံ၊ပေတံကအစ ခြင်းထဲမှာစီတန်းထားတာ မြင်ယုံနဲ့ သူ့လက်ရာ ခြေရာတွေကိုင်တာမကြိုက်မှန်းသိသာသည်။ကိုယ်ဝင်မွှေမှန်းသိရင် ကိုယ့်ကိုမြင်တိုင်း ထိလုမတတ်တွန့်လိမ်ကောက်ကွေးထားတဲ့ သူ့မျက်ခုံးကြီးနဲ့ ဘယ်လောက်တောင်မျက်မှောင်ကြုတ်ထားဦးမည်မသိ။သူ့မျက်နှာအနေအထား မြင်ယောင်ကြည့်ပြီး သဘောကျကာပြုံးနေမိသည်။

နံရံကဖုန်တွေသုပ် ကြမ်ခင်းတွေတိုက်ချွတ်ပြီး စာအုပ်စင်ကဖုန်တွေ ခါချပြီး သူ့လက်ရာမပျက်ပြန်စီထားပေးလိုက်ပြီး ဖိုးစိတ်တိုလေးကျောင်းကပြန်မရောက်ခင် ပြန်ထွက်လာခဲ့ရသည်။

ကိုယ့်အခန်းပြန်ဝင်ခဲ့တာနဲ့ မှန်ကုတင်ပေါ်တင်ခဲ့တဲ့ ကိုယ့်ဖုန်းလေးသီချင်းဆိုသံထမြည်လာသည်။မဏ္ဍိုင် ဆီကဖြစ်မယ်။ဒီနေ့ သူစောင့်ခိုင်းထားတာ ကိုယ့်စောပြန်ခဲ့သည်လေ။ဖုန်းရှိရာ ခပ်သွက်သွက်လျှောက်ခဲ့ပြီးကြည့်လိုက်တာ ထင်ထားတဲ့အတိုင်း။

"hello..."

"နွန်း...ပြန်သွားတာလား..sorry နော်..ကိုယ်ဒီအတန်းလက်လွတ်လို့မဖြစ်လို့ .."

"မဟုတ်တာ..နွန်း နားလည်ပါတယ် နွန်းလဲ ဒီကကျောင်းသားနဲ့ schedule မလုပ်ရသေးလို့ ဒီနေ့စောပြန်လာတာ..မဏ္ဍိုင်နဲ့မနက်ဖြန်မှတွေ့မယ်နော်..."

"အင်းပါ..ဒီနေ့လဲမျက်နှာလေးမမြင်တွေ့ရတော့ဘူးပေါ့...လွမ်းလိုက်တာ..."

"ကလေးဆန်နေပြန်ပြီ..နွန်းတို့က ဆယ်ကျော်သက်တွေမှမဟုတ်တော့တာ..."

"over 30တွေ မRo ရဘူးလို့ကန့်သတ်ထားလို့လားဗျာ...ကိုယ်ကတော့ နွန်းမျက်နှာမမြင်ရတဲ့နေ့ ကိုယ့်အတွက်အဓိပ္ပါယ်မရှိတဲ့နေ့ပဲ...ယုံနော်..."

မ [ Uni🔛Zaw ]Where stories live. Discover now