unicode
ကွင်းဒိုင်လူကြီးက ဝစီကိုအသံရှည်ဆွဲကာမှုတ်ပေးတာနဲ့ ကိုယ့်အသင်း သူ့အသင်းနားတဲ့အရိပ်အောက်ပြေးဝင်လာကြတာအလုအယှက်ပဲ။၉ နာရီကျော် ဆိုတဲ့အချိန်သည် နွေဦးပေါက်စနေအပူချိန်မှာ လှုပ်လှုပ်ရှားရှားပြေးလွားနေကြတာ ချွေးတွေနဲ့ဆိုတော့အတော်ပူသား။အားကစားသမားစစ်စစ်ကြီးတွေမဟုတ်ပဲ ဆရာဝန်မလေးတွေချည်း နုနုဖတ်ဖတ်လေးတွေ အပျော်တမ်းကစားကြတာဆိုတော့ အမောဒဏ်သိပ်မခံနိုင်ကြ။
ပြေးဝင်လာကြတဲ့ ကစားသမားတွေ မွေ့နွန်းရေဗူးကမ်းပေးရင်း ကွင်းထဲကနေအေးဆေးစကားတပြောပြောလမ်းလျှောက်လာနေတဲ့ ညွှန်းနဲ့ချေ ကို လှမ်းကြည့်လိုက်တာ အံ့သြမိသား။နှစ်ယောက်လုံးကအခြားသူတွေလို အလုအယှက်ရေဗူးယူတာမရှိ။ချွေးတွေရွဲနစ်နေပေမယ့် မောဟိုက်တာတွေမရှိ။ပင်ပန်းနွမ်းလျတာတွေမရှိ ဘောလုံးကစားရတာကိုပဲ ပျော်နေကြသလို မျက်နှာလေးတွေက ကြည်လင်နေတာ။နှစ်ယောက်လုံးဖူဆယ်ကွင်း ကစားလေ့ရှိတယ်ထင်ရတယ်။သူတို့ကစားဟန်တွေက ကျွမ်းကျွမ်းကျင်ကျင်ရှိလှတာမို့ ခုမှဘောကန်ဖူးတာမဖြစ်နိုင်။
တစ်ဖက်အသင်းက အဖြူရောင်ဝတ်စုံနဲ့၊ညွှန်းတို့ အသင်းက အနီရောင်ဝတ်စုံဝတ်ပြီး ချေက ဂိုးဖမ်းသမားမို့ အနက်ရောင်ဝတ်စုံလေးနဲ့ကလေးနှစ်ယောက်လုံးအသားဖွေးကြတော့ အားကစားဝတ်စုံနဲ့လဲ တစ်မျိုးလေးကြည့်လို့ကောင်းပြန်တယ်။ချေက လာသမျှဘောလုံးတိုင်းအမိအရဖမ်းနိုင်သလို ညွှန်းကလဲ တိုက်စစ်မှူးပီပီလျင်မြန်ဖျတ်လတ်ပြီး သူရဲ့သွင်းဂိုးကပဲ အနိုင်ပွဲကိုဦးဆောင်ထားတာပထမပွဲချိန်ကုန်ဆုံးသည်အထိ 2:0 နဲ့အပြတ်ဖြတ်ထားနိုင်တယ်။ဒီစံချိန်အတိုင်းဆက်ကစားမယ်ဆို UM1 က ဆုဖလားရယူဖို့အလေးသာနေပြီ။ဒါကြောင့်မို့ သူတို့ မျက်နှာအပြုံးလေးတွေသမ်းနေတာဖြစ်မှာ။
"Good job..ညွှန်း..."
"မမ လိုက်အားပေးလို့ပါ...ကိုယ့်ကိုယ်ကိုဒီလောက်ထိတောင်ထင်မထားဖူးဘူး...ဟီး..."
ညွှန်းက ရေဗူးလှမ်းယူရင် ပြောင်ချော်ချော် စစနောက်နောက်ပြောနေပေမယ့် အမောင်လူချောကမြင်နေကျပုံစံတိုင်း မျက်နှာတည်တည်ကြီးရယ်။ကိုယ်ရေဗူးအသင့်ကမ်းပေးတာလဲ မယူ။သူ့ဘာသာ အအေးပုံးထဲသွားနှိုက်ယူပြီး မော့သောက်နေတာ။
YOU ARE READING
မ [ Uni🔛Zaw ]