အပိုင်း ၁

1K 31 2
                                    

Unicode

စည်းခြားထားတဲ့ အနက်ရောင်သံတိုင်တွေရှေ့ မလှုတ်မယှက်ရပ်ပြီးကိုယ်ငေးနေတာ အချိန်ကြာလှပြီ။သံတိုင်နောက်က နံရံကိုမျှော်လင့်ကြီးစွာငေးကြည့်ရင်း ဝမ်းနည်းရိပ်ယှက်သန်းနေသောမျက်ဝန်းတစ်စုံက စိတ်မှာတမ်းတတဲ့လူတစ်ယောက်ကိုတွေ့မြင်ရဖို့ ဆုတောင်းနေမိသည်မှာအခါခါ။နံရံကအခန်းတံခါးလေး ဖွင့်ဟလာမည်ကို တဒိတ်ဒိတ်ရယ် ရင်ဖိုစွာစောင့်နေမိပေမယ့် ဆုတောင်းမပြည့်ခဲ့။ကိုယ်စိတ်မပျက်ပါ။နောင် (၄)လကြာပြီးလဲ ဒီနေရာမှာထပ်လာရပ်ငေးနေဦးမည်။

တံခါးဖွင့်ဟလာပြီး ကိုယ့်ဆီလှမ်းလာနေသည်မှာ ထောင်အရာရှိကြီးတစ်ယောက်တည်းသာ။ကိုယ့်ကိုခေါင်းယမ်းပြပြီး တစ်ဆက်တည်းခါတိုင်းလိုသာ တူညီတဲ့စကားပြောလာပြန်သည်။

"အကျဥ်းသားက ဧည့်သည်မတွေ့ချင်ဘူးတဲ့..."

ကိုယ်လှည့်ပြန်ခဲ့ရပြီ သည်တစ်ကြိမ်လဲ။(၇)ကြိမ်ရှိခဲ့ပြီ။၄ လပြည့်တိုင်း ကိုယ်တွေ့ခွင့်တောင်းခဲ့ပေမယ့် တစ်ခါလေးမှထွက်မလာခဲ့တဲ့သူ။

ဖခင်က တစ်ခါကမြန်မာပြည်မှာ တာဝန်ထမ်းဆောင်သွားတဲ့ မြန်မာရောက်ဂျပန်နိုင်ငံသားတွေအတွက် ဂျပန်သံရုံးမှ သံအမတ်ကြီးဆိုတော့ ဖခင်အရှိန်အဝါနဲ့ အလုပ်ကြမ်းကြီးတွေမလုပ်ရပေမယ့်၊အနေအထိုင် အစားအသောက်ဆင်းရဲမှာပူပန်စရာမလိုပေမယ့် သူဘယ်လိုနေထိုင်နေလဲ သူ့ဟန်ပန် သူ့မျက်နှာလေး တစ်ကြိမ်လောက်မြင်ချင် သိချင်သည်။ဒီနှစ်တွေမှာ သူ့အသားအရည်တွေ ပိန်သွားလား ပြည့်ဖြိုးနေလား၊ မျက်နှာအမူယာက နေနေကျအတိုင်း စူပုတ်ထားမှာသိပေမယ့် မတွေ့ရတာကြာပြီမို့ မြင်ချင်တွေ့ချင်မိသည်။

တစ်ယောက်တည်းအမှောင်တည်း နှုတ်ဆိတ်နေတတ်သူမို့ ရင်မှာအနာတရတွေခိုအောင်းပြီး အသေးစားစိတ်ဒဏ်ရာလေးတွေနဲ့ ငေးငေးငိုင်ငိုင် ကြီးပြင်းလာမှာကိုယ်မလိုလား။ကိုယ့်ကြောင့် ဖြူစင်နေတဲ့ဒီကလေးလေးရဲ့ အိမ်မက်တွေ အနာဂတ်တွေ ပျက်စီးခံရသည်မို့ ကိုယ့်ကိုယ်ကိုရင်နာလို့မဆုံး။

ကိုယ့်ကိုပြောစရာတွေ အများကြီးရှိနေမှာကိုယ်သိသည်။ကိုယ်လဲ မေးစရာတွေအများကြီးရှိခဲ့ဖူးပေမယ့် အချိန်ကာလတစ်နှစ်ပြီးတစ်နှစ်ကုန်သွားတာနဲ့အတူ ကိုယ့်မေးခွန်းတွေ အဖြေမလိုတော့လောက်အောင် နားလည်ခဲ့ရပြီမို့ သူ့စကားတွေသာနားထောင်ပေးချင်ခဲ့ပေမယ့် ကိုယ့်ဆုတောင်းမပြည့်လာသေး။ပထမဆုံး သူစကားပြောချင်တဲ့အချိန်မှာ ကိုယ်ရှိနေချင်သည်။တစ်ခါမှ ကိုယ့်ကိုစေ့စေ့မကြည့်ဖူးတဲ့ သူ့မျက်ဝန်းတွေ ငေးပြီး သူ့စကားတွေလေးလေးနက်နက် နားထောင်ပေးချင်သည်။ဒီနောင်ပိုင်း ကိုယ့်က သူအနားမှာအမြဲရှိနေပေးမည်ဆိုတာ သူ့နှလုံးသားက ယုံယုံကြည်ကြည် လက်ခံပေးစေချင်သည်။

မ [ Uni🔛Zaw ]Where stories live. Discover now