အပိုင်း ၂၁

219 22 4
                                    

unicode

ကားလမ်းမထက်မှာ ရုန်းကန်ရွေ့လျားနေတဲ့ အရောင်စုံ၊အလွှာစုံ ဘဝတွေကို ဘာရယ်မဟုတ် ခပ်လွေးလွေးလေးငေးကြည့်နေတာ။သူ့အတွေးတွေ အဖော်ပြုပေးတဲ့ စီးကရက်အခိုးအငွေ့တွေကို မက်မက်မောမော မှုတ်ထုတ်တမ်းဆော့ကစားနေရင်း ဆေးရုံထောင့် ထပ်ခိုးခုံတန်းလေးမှာ တိတ်ဆိတ်နေမြဲ ချေ..။

အစတောင် စခွင့်မရှိတဲ့ချစ်ခြင်းမေတ္တာတွေရယ် သူမှုတ်ထုတ်နေတဲ့ အခိုးအငွေ့တွေလို အမြတ်တနိုးရှူရှိုက်ပြီး ကြင်ကြင်နာနာ မှုတ်ထုတ်လို့ရရင် ဒီရင်က နက်နက်ရှိုင်းရှိုင်း နာကျင်ရမယ်မထင်။တစ်ဖက်သတ်ကြီး စွဲလမ်းနေရတာ တမြေ့မြေ့ကျွမ်းလာတဲ့အသည်းပမာ စိတ်ကိုမပျော်ရွှင်စေလိုက်တာ ဒီဇင်ဘာရယ်...။

သို့သော် ဆိုင်သူမသိစေခဲ့ဘူး...။

"ချေ...နင်က ဒီရောက်နေတာကိုး..."

အသံနဲ့အတူ ဘေးမှာဝင်ထိုင်တဲ့ ညွှန်းကို တကူးတကလှည့်မကြည့်လာ။လမ်းမထက်က ပုံရိပ်တွေသာ ခံစားချက်မဲ့ ငေးကြည့်နေမိတုန်း။ကိုယ်လဲ သူနဲ့အတူတူငေးမောကြည့်ချင်ပါရဲ့။

"ငါ ခံတွင်းချဥ်လာလို့ ဆေးလိပ်လာသောက်တာ..."

"င့ါလဲ တစ်လိပ်ပေး...သောက်ကြည့်ရအောင်..."

ဘေးမှာချထားတဲ့ စီးကရက်ဗူးဆီ လှမ်းယူလာတဲ့ညွှန်းလက်ကို ရိုက်ထုတ်ပစ်လိုက်တယ်။

"မသောက်နဲ့..."တဲ့။

မီးခြစ်နဲ့ဗူးခွံကို သူ့ဂျူတီကုတ်ထဲထိုးထည့်ပြီး ခပ်မြန်မြန်သိမ်းဆည်းပစ်လိုက်တယ်။ညွှန်းက တကယ်သောက်ကြည့်မလို့ကို။

"ဘာလို့လဲ...."

"အကျင့်မလုပ်နဲ့...စွဲသွားလိမ့်မယ် မကောင်းဘူး..."

"အဲ့ဆို နင်ကဘာလို့သောက်နေလဲ..."

"ငါ ကြိုက်လို့...."

"မကောင်းရင် နင်ကြိုက်မလား...ငါလဲ စမ်းကြည့်ချင်တယ်...နင်တောင်သောက်သေးတာပဲ..."

"ငါသောက်တိုင်း  လိုက်သောက်စရာလား...ငါဖြတ်တော့မှာ..."

"နင်လား ဆေးလိပ်ဖြတ်မှာ..."

မ [ Uni🔛Zaw ]Where stories live. Discover now