အပိုင်း ၂၈

234 22 4
                                    

unicode

ကားအမိုးကိုတို့ထိကစားနေတဲ့ တစ်ပေါက်ပေါက်နှင်းကျသံတွေက သံစဉ်တစ်ပုဒ်ပမာ။ဆောင်းရဲ့အအေးဓာတ်က ကမ္ဘာမြေရဲ့ရင်ခွင်အလယ်ပြေးထွက်လာသူကို  အရိုးထိစိမ့်အောင် အေးခဲမှုနဲ့ကြိုဆိုနေတာ...။

အိပ်စက်လို့မရခဲ့ဘူး။ဆောင်းရဲ့အအေးဓာတ်က တစ်ကိုယ်လုံးကို နေရာအနှံ့ဓားပါးနဲ့ မွှန်းနေသလို အခံရခက်နေတာ ဘယ်လိုအိပ်ပျော်နိုင်ပါ့မလဲ။ဂွမ်းစောင်ထူထူတွေ ဘယ်နှစ်ပတ်ထိရစ်ပတ်ထားပါစေ ဆောင်းကတော့နီးနီးကပ်ကပ်ရအောင်တိုးဝင်လာတာပါပဲ။နွေးပါတယ်ဆိုတဲ့ ဟူဒီအင်္ကျီ ထူထူကြီးတွေလဲ ခန္ဓာပါးပါးလေးကိုမလုံခြုံစေခဲ့ပါဘူး။

အပြင်မှာ တဲအိမ်နဲ့အိပ်စက်နေတဲ့ ဟိုကလေးတစ်ယောက် ဘယ်လိုအိပ်စက်နေလဲ။မှေးနှစ်ဖက်ပဲ ရိုက်ခတ်နေပြီလားမသိ။ရာသီဥတုအခြေနေ အရင်မလေ့လာပဲ ညတွင်းချင်းခရီးထွက်ဖို့ စိတ်လောနေခဲ့တဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်နေမိတယ်။

ဆောင်းရာသီ အေးခဲတာ သူ့အပြစ်ဟုတ်မလား။ကိုယ် မှားယွင်းခဲ့တာ...။

ငါ ဘယ်လိုလုပ်လိုက်တာလဲ။ဘာလို့ ဆုံးဖြတ်ချက်အမြန်ချမိလိုက်တာလဲ။ချေ တစ်ခုခုဖြစ်မှာ စိုးရိမ်စိတ်နဲ့ ချက်ချင်းရန်ကုန်ဝေးရာထွက်ခဲ့လိုက်တာ။တကယ်ဆို မနက်စောစောခရီးထထွက်လဲ နောက်မကျသေးတာကို။ခုတော့ သူများရဲ့အဖိုးတန်လေးကို ဒီလိုလမ်းဘေး တောစပ်နား နှင်းတွေအောက်မှာ အမိုးအကာမလုံခြုံတဲ့ တဲသေးသေးထဲမှာ အိပ်ခိုင်းမိတာပါလား။

ဘယ်လို လုပ်လိုက်တာလဲ မွေ့နွန်းရယ်...။

မှေးစက်လိုက် နိုးလာလိုက် ကားအတွင်းမှာ လူလိမ့်နေခဲ့ရင်း အာရုဏ်တက်ချိန်ရောက်လာခဲ့ပြီ။မကြာခင် မိုးစင်စင်လင်းတော့မည်။

ဆောင်းခိုငှက်တွေတောင် အဆာစာထွက်ဖို့လွန့်လူးလာကြပြီ...။

မြူတွေဖုံးလို့ ဝန်းကျင်တစ်ခွင်ဖြူဖွေးနေပြီး နေခြည်အနွေးဓာတ်ကို မြင်ရဖို့အတော်ကြာလောက်ပေမယ့် အချိန်နာရီကတော့ မိုးလင်းပြီတဲ့ နိုးထစေလေပြီး။

ကားနောက်ဖုံးဟလိုက်တာနဲ့ ပြေးဝင်လာတဲ့ဆောင်းလေပြေ..။ပါးပြင်ကိုအေးခနဲ့ နမ်းရှိုက်လိုက်ပေမယ့် ရင်ကစိုးရိမ်စိတ်ကိုတော့ မဖြေဖျောက်နိုင်တာမို့ နှင်းရည်သောက်ထားတဲ့မြက်ပင်လေးတွေ ဖွဖွနင်းချေပြီး ခမ်းလှမ်းလှမ်းက တဲအိမ်ဆီ လှမ်းခဲ့သည်။

မ [ Uni🔛Zaw ]Where stories live. Discover now