အပိုင်း ၃

332 27 4
                                    

unicode

အိမ်ကြီးကလဲ တိတ်ဆိတ်လိုက်တာ။အပေါ်ထပ်မှာ သူရယ် ကိုယ်ရယ် နှစ်ယောက်တည်းနေရတာ။ခြံဝန်းက ကျယ်တော့ အပြင်ကကားသံ လူသံ ဆူညံသံ ဘာတစ်ခုမှမကြားရတာ အေးချမ်းလွန်းလှပါသည်။သူက နေသားကျနေပေမယ့် ကိုယ့်ကတော့တစ်ခုခုပြုတ်ကျသံကြားတာနဲ့ စိတ်မှာတခါတလေခြောက်ခြားချင်သလို။အိပ်ယာပြောင်းဆိုတော့ အိပ်လို့မရ။ဘေးကစာဖတ်ခန်းကို ချောင်းကြည့်တော့ မီးလင်းနေသေးတာမို့ ကိုယ့်အခန်းထဲကထွက်ခဲ့လိုက်သည်။

"ဒေါက်..ဒေါက်...ဒေါက်..."

အခန်းတံခါးခေါက်ကြည့်ပေမယ့်ဘာမှပြန်ထူးသံမကြား။သူအထဲမှာ စာကြည့်နေတာ ကိုယ်သိသည်။တမင် ပြန်မထူးတာမို့ ကိုယ့်သဘောနဲ့သာ တံခါးဖွင့်ကြည့်လိုက်တာ လော့မချထား။ဖွင့်ဟသွားတဲ့တံခါးနောက်မှာ ကိုယ့်ခေါင်းကိုပြူကြည့်လိုက်ပြီး...

"အစ်မကို ဝင်ခွင့်ပြုပါ..."

ကိုယ်ခွင့်တောင်းပေမယ့် တုန့်ပြန်မှုမလာ။စာကြည့်စားပွဲခုံမှာ နဂိုအတိုင်းသူ့ကျောင်းစာကိုအာရုံစိုက်နေတာ။နားမှာ နားကြပ်တပ်ထားသေးတာ။မွေ့နွန်း အေးတိအေးစက်ကျောပြင်ကိုသာ ငေးကြည့်ရင်း ကိုယ့်သဘောနဲ့ကိုယ်လှမ်းဝင်ခဲ့သည်။

သူ့စာဖတ်ခန်းလေးက စာကြည့်တိုက်အသေးစားလေးလောက်ရှိသည်။စာရွက်ရနံ့နဲ့အပြိုင် ချယ်ရီအဆီရနံ့ပျယ်ပျယ်လေး သင်းပျံနေတာ သူ့စာကြည့်ခုံမှ ရေနွေးငွေ့ဗူးက ထုတ်လွှင့်နေတာကိုး။စာအုပ်တွေ အစီအရီသပ်သပ်ရပ်ရပ်နဲ့ စာဖတ်ဖို့ ခုံတစ်ချို့လဲခင်းကျင်းထားပေးတာ ငြိမ်းချမ်းလိုက်တာ။

သူ့ကို စိတ်အနှောင့်ယှက်မပြုချင်တာမို့ ခုံလွတ်တစ်ခုမှာ ညင်ညင်သာသာဝင်ထိုင်ရင်း အခန်းလေးကိုဝေ့ကြည့်နေမိသည်။ဒီကလေးမှာ တစ်ခြားဆွေမျိုးသားခြင်းမရှိလို့လား၊တစ်ယောက်တည်းနေချင်လို့လား ဒီလောက်ကြီးမားတဲ့အိမ်ကြီးမှာ တိတ်ဆိတ်လွန်းနေတာ သူ့ကိုငေးကြည့်ပြီးကိုယ်တော့ အထီးကျန်ချင်သလို ခံစားရသည်။

နံရံက နာရီကိုဖျတ်ခနဲ့လှမ်းကြည့်မိတော့ မအိပ်ချင်သေးတဲ့ကိုယ့်မျက်ဝန်းက အနည်းငယ်ဝိုင်းစက်သွားရသည်။၁ နာရီခွဲတော့မည် သူကခုထိစာလုပ်နေတုန်းပဲ။ဒါကတော့ သူ့အဖေသွေးပီသလိမ့်မည်။ဂျပန်လူမျိုးတွေသည် အိပ်ချိန် စားချိန်ထက် အလုပ်ကိုဦးစားပေးကြတာ။မနားမနေ အလုပ်ကိုကြိုးစားကြတာ။ဘဝမှာ အလုပ်လုပ်ဖို့မွေးဖွားလာတယ်များ ထင်မှတ်ရသည်အထိ အလုပ်ကအရာရာဦးစားပေးတဲ့ လူမျိုး။

မ [ Uni🔛Zaw ]Where stories live. Discover now