အပိုင်း ၃၈

354 25 9
                                    

unicode

ရာသီအလီလီလည်ပတ်ကာ တစ်နှစ်ပြီးတစ်နှစ်ကုန်ဆုံးသွားကြပြီးနောက်.....

နေသာတဲ့ နေ့လေးတစ်နေ့။

ပြာလဲ့လဲ့ ပြာလွင်သော ကောင်းကင်ကြီးက ထောက်ပံ့နေလို့လား လေအဝှေ့မှာ ရွေ့လျားနေတဲ့ တိမ်ဖြူလေးတွေက ဟိုတစ်စု သည်တစ်စု လှပအေးချမ်းလိုက်တာ။

မနက်ခင်းလေးရဲ့ အစ
နေရောင်ရဲ့  မေတ္တာစက်ဝန်းအောက်မှာ
ဆော့ကစားနေတဲ့ လေပြေ
ပျော်မြူးကခုန်နေတဲ့ သစ်ခက်လေးတွေ
နေရောင်ရဲ့ကြင်နာမှုအောက် ​ပြိုဆင်းသွားတဲ့
ကုက္ကိုပွင့်ကြွေ ဖြူဖြူနီနီလေးတွေ
အ​ချွေခံရတာကိုပင် လိုလိုချင်ချင်
မြေပြင်မှာ ပြုံးရွှင်ရွှင်ကျေနပ်လျက်...

ငေးကြည့်ရင်း ငြိမ်းချမ်းရတဲ့ ကြည်နူးစိတ်
ဒီအကြည်ဓာတ်ကလေးသည် လှပသောအေးချမ်းခြင်း နှစ်လိုဖွယ် ငြိမ်းချမ်းခြင်း...

ကျေးဇူးပါလို့ ငေးမောရင်း ခပ်တိုးတိုးလေးရေရွတ်မိတော့ ဗန်ဒါရွက်စိမ်းလေးတွေက ရပါတယ်တဲ့
လှုပ်လှုပ်ရှားရှား ကခုန်ပြတာ သဘောကျစရာ...

လေတစ်ဖြူးဖြူးနဲ့ ပြေးဝင်လာတဲ့အလင်းသစ်
တစ်ရိပ်ရိပ်နဲ့ တိုးလို့ရစ်တွယ်ရသော သိမ်မွေ့ခြင်း
သဘာဝရဲ့ရနံ့ သဘာဝတို့ထွေးပွေ့မှု
လက်ခံယူတတ်မှ နားလည်တန်ဖိုးထားတတ်မှ
ထိုက်တန်တဲ့ချစ်ခြင်းတရား
ခံစားကြည့် ဒါသည်ကြီးမြတ်သော စစ်မှန်ခြင်း
နွေးထွေးတဲ့ ကြင်နာခြင်း
နူးညံ့သော သိမ်မွေ့ခြင်း...

ကောင်းမွန်သော မေတ္တာအလင်း...
ကျေးဇူးပါ မနက်ခင်းလေးရယ်...။

ညွှန်း ရန်ကုန်ကို ခုမှခြေပြန်ချခွင့်ရသည်။ကိုယ့်အနားမှာ ချေ မရှိတော့တည်းက သွားစရာများများစားစားမရှိခဲ့တာ ကြာပေါ့။

ပြောစရာစကားတို့ များစွာရှိခဲ့ပေမယ့် ဟိုအရင်လို နားထောင်ပေးသူမရှိလေတော့ စကားလုံးလေးတွေလဲ ဆိတ်ငြိမ်လို့ ကိုယ့်နေ့ရက်အချိန်တွေသည်လဲ ကျရာတာဝန်ထမ်းရွက်ရင်း နယ်မြို့လေးမှာ စိတ်နစ်ပြီး အိပ်စက်နေခဲ့တာ။

ခုတော့ နိုးထချိန်တန်ပြီလေ...။

ပုံမှန်နှုန်းနဲ့မောင်းနှင်လာတဲ့ အဖြူရောင်ကားလေးပေါ်မှာ ပြောင်းလဲတိုးတက်လာတဲ့ ရန်ကုန်အလှကို စူးစမ်းနေမိသလို ငေးမောရင်း အတွေးများလာခဲ့ရသည်။

မ [ Uni🔛Zaw ]Where stories live. Discover now