အပိုင်း ၃၉

376 34 11
                                    

unicode

မနက်စောစော မြူတွေဝေလီဝေလင်းအချိန်ခါပေါ့ ထောင်ဘူးဝမှာ စောင့်မျှော်နေတဲ့ ကားနက်တစ်စီး။

ကားတွေ တစ်စီးစ နှစ်စီးစ ပြေးလွှားနေကြပေမယ့် မနက်ခင်းအစ လှုပ်ရှာဟန်တွေတော့ သိမ်မများလှသေး ရောင်နီနေဝန်း ပေါ်ထွန်း ထွက်မလာသေးတဲ့ ဝေလီဝေလင်းအချိန်။

ကားမှန်ပြတင်းကို ရိုက်ခတ်တဲ့မြူတို့အငွေ့အသက်ကြောင့် ကားထဲမှာ လူရှိလား မရှိလား ပတ်ဝန်းကျင်က မသိနိုင်ကြပေမယ့် တကယ်တော့...

ထိုကားနက်ကြီးထဲမှာ လှပတဲ့မိန်းမချော နှစ်ဦး တိတ်တဆိတ်ထိုင်ငေးပြီး မြူတွေဆဲလုလုချိန်ကို စိတ်ရှည်ရှည်စောင့်ဆိုင်းနေကြတာပါ။

ကိုယ်ဆီအတွေးကိုယ်ဆီနဲ့ ငြိမ်သက်နေကြသလို ဂိတ်တံခါးဆီကို လှမ်းကြည့်မိတဲ့ အကြည့်တွေကလဲ တစ်ထပ်တည်းပေါ့။

"မမ..."

တိတ်ဆိတ်ခြင်းကို ညွှန်း ဘက်ကအရင် စတင်ဖြိုးခွင်းလိုက်လေသည်။

"အင်း...ပြောလေ ညွှန်း..."

"ချေ ဘယ်လိုပုံစံရှိနေမလဲ..."

ညွှန်းရဲ့အမေးကို ကိုယ်လဲအပြည့်အဝအဖြေမပေးနိုင်ပါ။ကိုယ်လဲ သိချင်နေခဲ့တာ။ငြိမ်ငြိမ်လေးထိုင်နေသည်ဆိုပေမယ် ကိုယ့်ရင်မှာ စိတ်လှုပ်ရှားခြင်းကို အိန္ဒြေနဲ့ချုပ်ထိန်းနေရတာ။

"ဟင့်အင်း...မမ လဲ မခန့်မှန်းတတ်ဘူး..."

ကိုယ် ခေါင်ရမ်းပြတော့ ညွှန်းဆီက အံသြသွားရတဲ့ အကြည့်လေးတွေ ကိုယ်လက်ခံလိုက်ရသည်။ခပ်ပြုံးပြုံးလေး ခေါင်းညိတ်ပြလိုက်တယ်။

"မမက ချေဆီ ဧည့်တွေ့ အမြဲလာတယ်မလား..."

"အင်း..ဒါပေမယ့် ချေ တစ်ကြိမ်မှ တွေ့ခွင့်မပေးဘူးလေ..."

"ဟယ်..တစ်ခါမှ ထွက်မတွေ့ဘူးလား..."

"အင်း..."

"ဒါတောင် မမက တစ်ကြိမ်မှ မပျက်ကွက်ခဲ့ဘူးနော်..."

ခပ်ပြုံးပြုံးလေး ခေါင်းညိတ်ပြလိုက်တယ်။

"ချေ စကားမပြောတော့မှာ မမ စိုးရိမ်မိတယ်..."

"ညွှန်း လဲ စိတ်ပူမိတယ်..သူက အရင်တည်းက စကားနည်းပြီး ဒေါသကြီးတာ...ပြီးတော့ ဘာကိုမှ မကြောက်တတ်ဘူး..မမှုတတ်ဘူးလေ..."

မ [ Uni🔛Zaw ]Where stories live. Discover now