အပိုင်း ၁၀

254 23 7
                                    

unicode

ဂျပန်စာ ခန်းဂျီးရေးနည်းအသစ်တွေ ကျက်မှတ်နေရင် အိပ်ချင်လာတာနဲ့ အခန်းထဲခဏဝင်အိပ်ရင်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတာ ဝုန်းကနဲ့အသံကြားမိပြီးလန့်နိုးလာတဲ့ ကိုယ်။အိပ်ယာဘေးခုံပေါ်က နာရီကိုလှမ်းကြည့်တာ ညနေ ၄ နာရီခွဲ။ဒီချိန်ဆို ချေ အိမ်ပြန်ရောက်နေလောက်ပြီ။အိပ်ယာက လူးလိမ့်ထပြီး အခန်းထဲကထွက်ခဲ့လိုက်တယ်။

music သံတိုးတိုးလေးက ချိုချိုသာသာ နားထဲတိုးဝင်လာတာမို့ ကိုယ့်အခန်းတံခါးသေချာပိတ်ပြီး  အနီးပတ်ဝန်းကျင်ကအခန်းတွေ မျက်လုံးကစားကြည့်လိုက်တာ။

တီခက် ပြောဖူးတဲ့ ချေ ရဲ့အခန်းက တံခါးဟဟလေးပွင့်နေတာ။သီချင်းက အဲ့အခန်းထဲကလာတာဖြစ်မယ်။အဲ့ကလေး ဘာလုပ်နေတာလဲ သိချင်တာနဲ့ သူ့အခန်းဆီဦးတည်လျှောက်ခဲ့တယ်။ဟနေတဲ့ တံခါးအဝကနေ ဦးခေါင်းကပ်ပြီး အခန်းထဲလှမ်းကြည့်လိုက်ပေမယ့် ဘာမှမမြင်ရ။

မီးချောင်းအလင်းရောင် မှိန်မှိန်လေးတစ်ခုသာ ဖွင့်ထားတာ တကယ်ပဲအခန်းကပိတ်မှောင်နေတာ။ဘာတစ်ခုမှ သဲသဲကွဲကွဲမမြင်ရ။ပုံမှန်ဆို အခန်းတံခါးအမြဲပိတ်ထားနေကျဆိုတော့ သူအထဲမှာ ရှိတောင်ရှိနေရဲ့လားရှာကြည့်မိရင်း မွေ့နွန်း တစ်စုံတစ်ခုသတိထားမိလိုက်တယ်။

music က ဒီသီချင်းတစ်ပုဒ်ထဲ ထပ်ခါထပ်ခါလာနေတာ။သူ့ favourite song ဖြစ်မယ်ထင်တယ်။ကိုယ်က သီချင်းဆို Japan music တွေနားထောင်တာများသူမို့ English song တွေမရင်းနှီးဘူး။ဘယ်သူဆိုမှန်းမသိပေမယ့် piano သံစဥ်အေးအေးလေး ဆွေးဆွေးလေးနဲ့ နားထောင်နေရင်းဝမ်းနည်းချင်သလိုလို၊ငိုချင်လာသလိုလို စိတ်မှာခံစားရစေလိုက်တာ။ဒီသီချင်းနဲ့ ဒီအခန်းပုံစံက ခဏလေးမြင်တွေ့ရတဲ့ကိုယ်တောင် အထီးကျန်​စေပြီး စိတ်ကိုခြောက်ခြားစေတာအမှန်။ဒီကလေး ဘယ်လိုလုပ် နေ့နေ့ညညနေနိုင်ရတာလဲ။

ကိုယ့်မျက်လုံးလေးတွေ ညင်ညင်သာသာမှိတ်ထားရင်း သီချင်းသံစဥ်နဲ့လိုက်ကာ သီချင်းစာသားလေးတွေ စိတ်ထဲဘာသာပြန်ဆိုကြည့်မိတယ်။

"တစ်နေ့နေ့တော့ ဒီနာကျင်မှုကနေလွတ်မြောက်အောင်လှုပ်နိုင်မယ်လို့တော့ ငါမျှော်လင့်ပါတယ်လေ...

မ [ Uni🔛Zaw ]Where stories live. Discover now