unicode
ဒါ..သာမာန်ရန်ပွဲမဟုတ်ဘူး။ဖြစ်ရိုး ဖြစ်စဥ်ပါပဲလို့ အေးအေးလူလူနေလို့ မဖြစ်သေးဘူး။ဒီကလေးကို ရှာမှဖြစ်မည်လေ...။
စာဖတ်ခန်းတံခါးဖွင့်ကြည့်သည် ချေ မရှိ။သူ့အခန်းရှေ့ ဆီ ခပ်တန်းတန်းလျှောက်ခဲ့ပြီး တံခါးခေါက်လိုက်သည်။
"ဒေါက်..ဒေါက်...ဒေါက်..."
ချေ က အခန်းအောင်းသူ့ပီပီ သူ့အခန်းလာခေါက်တာ ကြိုက်သူမဟုတ်။အော်ထုတ်တတ်တာ။မတတ်နိုင်ဘူး ဒီညတော့ လာမဖွင့်မချင်းခေါက်နေရမှာပဲ။
"ချေ..တံခါးဖွင့်ပေးဦး..မ' ပြောစရာရှိလို့..."
"ဒေါက်...ဒေါက်..ဒေါက်..."
"ချေ..မင်း မအိပ်သေးတာသိတယ်နော်...မဖွင့်မချင်း အော်ခေါ်နေမှာနော်..."
"ဒုန်း..ဒုန်း...ဒုန်း..."
ကျွတ် တကယ့်ငဂျစ်။ဒီလောက် ထုရိုက်နေတာတောင် နဲနဲလေးမှ တုန့်ပြန်မလာဘူး။သူ့အခန်းကလဲ သူ့အသံနဲ့လော့ချထားတာ သော့ပိုရှိရင်တောင် ပွင့်လာမှာမဟုတ်။
စာဖတ်ခန်း။စာဖတ်ခန်းကနေ သူ့အခန်းထဲဝင်လို့ရတဲ့အပေါက်ရှိတယ်ဆိုပဲ။ညွှန်းပြောဖူးတာ ကိုယ်စမ်းကြည့်ရတော့မည်။မှောင်မှောင်မဲမဲ သူ့အခန်းထဲ ဝင်ရမှာထိန့်လန့်နေမိပေမယ့် ဘာဖြစ်ဖြစ်ကိုယ်ကြိုးစားရတော့မယ်။
တံခါးရွက်ပေါ်က အဆက်မပြတ်ထုနေတဲ့ကိုယ့်လက်တွေ စိတ်လျော့ပြီး အသာပြန်ချထားလိုက်ရသည်။စာဖတ်ခန်းဆီပြန်လှည့်ဖို့ ကိုယ်ကိုပြန်အလှည့်...
"ဟင်..."
လှမ်းလက်စ ခြေလှမ်းတုန့်ခနဲ့ရပ်ပြီး ကိုယ့်ရင်ကိုဖိထားလိုက်ရသည်။သူက အနောက်မှာ ကျောက်ရုပ်ကြီးပမာရပ်ပြီး လူကိုငေးကြည့်နေတာ ရုပ်တည်ကြီးနဲ့ မျက်နှာကြီးမှုန်ကုပ်လို့။
နဂိုတည်းက ဒီအိမ်ကြီးရဲ့ အပေါ်ထပ်မှာ သူနဲ့ကိုယ် နှစ်ယောက်တည်းနေရတာ။ဘယ်လောက်အနေကြာကြာ သူကအိမ်ကြီးရှင်မို့နေသားကျနေပေမယ့် ကိုယ့်မှာ ညဘက်ဆိုခြောက်ချားနေပါတယ်ဆို။ရင်ထဲ ထိတ်ကနဲ့ပဲ။
"မ' ဘာလုပ်နေတာလဲ...ကျွန်တော့်အခန်းရှေ့မှာ..."
"မင်းကရော ဒီလောက်ခေါ်နေတာကို မထူးပဲ အနောက်မှာ ဘာလို့ရပ်ကြည့်နေရတာလဲ..."
YOU ARE READING
မ [ Uni🔛Zaw ]