အပိုင်း ၂၄

224 23 10
                                    

unicode

"Open the door"

"The door is open"

ခြံတံခါးပွင့်ဟသွားတာနဲ့ ခြံဝန်းထဲ ဖြည်းဖြည်းလေးမောင်းဝင်ခဲ့ပြီး ကားပါကင်မှာ စက်ရှိန်သတ်လိုက်သည်။

"Ok! ဒီညတော့ ဟိုဝင် ဒီဝင်နဲ့ နောက်ဆုံးတော့အိမ်ရောက်လာပြီပေါ့..."

ကိုယ့်ဘာသာ စကားပြောနေရင်း ကျောပိုးအိပ်ကောက်ယူပြီး ကားပေါ်မှဆင်းလိုက်တယ်။လူတစ်ကိုယ်လုံးလဲ ချဥ်စော်နံနေပြီ။ရေချိုးချင်ပြီ။

မိညွှန်းဆိုသည်မှာလဲ အိပ်ခန်းထိ ကျောပိုးပို့ပေးခဲ့တာတောင် လူအပေါ်အန်ချလိုက်သေးတယ်။တော်တော်ဆိုးဆိုးပဲ။ဒီလောက်တောင် သောက်ရသလားဟာ။

ကားဂိုထောင်ထဲက ထွက်လာပြီး စိတ်မှာ မသင်္ကာတာနဲ့ ကားရှိရာပြန်လှည့်ကြည့်လိုက်တာ မ'တစ်ယောက်ထွက်မလာသေးပါလား။

ထပ်အိပ်ပျော်နေတာလား မသိ။

ကားရှိရာပြန်လျှောက်ခဲ့ပြီး ကားမှန်တံခါးခေါက်ကြည့်လိုက်တယ်။ဘာမှတုန့်ပြန်မှုမလာတာမို့ ကားတံခါးဆွဲဖွင့်ကြည့်လိုက်တယ်။ထင်တဲ့အတိုင်း ကျောက်ရုပ်ပမာထိုင်နေတာ။

"မ...."

အပြင်ကနေရပ်ပြီး ခေါ်ကြည့်တယ် မထူး။တကယ်ပဲ အိပ်ပျော်နေတာပဲ။ခုံကို ကျောမှီပြီး ငြိမ်ငြိမ်လေးထိုင်နေတာ မလှုပ်မယှက်။

"မ...."

ကိုယ့်လက်ညိုးထိပ်ဖျားနဲ့ ပုခုံးစွန်းကိုထိုးကြည့်ပြီး ခေါ်ကြည့်လိုက်တယ်။ဘာမှ မထူးတာမို့ ပုခုံးသားတွေ ကိုင်လှုပ်ကာ လှုပ်နှိုုးကြည့်လိုက်ပြန်တယ်။

"မ...အိမ်ရောက်ပြီဗျ..."

"အွန်း..."

အာလေးသံကြီးနဲ့ တစ်ချက်ထပ်ညဥ်းပြီး ငြိမ်ကျသွားပြန်တယ်။

"shit...."

ခပ်ဟဟပြုံးပြီး ခေါင်းကိုတစ်သွင်သွင်ရမ်းခါနေမိတယ်။နောက်တစ်ယောက်ကိုလဲ အိပ်ခန်းပို့ပေးရဦးမှာလား။ဒီအတိုင်း ကားပေါ်မှာထားပစ်ခဲ့ပြီး အိပ်ခိုင်းလို့မှ မဖြစ်နိုင်တာ။

မထူးပါဘူး။နိုးနေလဲ အချိန်ကုန်တာပဲရှိမယ်။ပွေ့ချီသွားတာမှ မြန်ဦးမယ်။

မ [ Uni🔛Zaw ]Where stories live. Discover now