အပိုင်း ၈

233 23 7
                                    

Unicode

"ချေ က ဘယ်လိုလူမျိုးလဲ..ညွှန်း..."

နှစ်ယောက်သား ကားပါကင်ရှိရာလမ်းလျှောက်ကြရင်း စကားစမြည်ပြောလာကြသည်။

"ချေကဒေါသထွက်လွယ်တယ်...သူ့ဒေါသကိုလဲမထိန်းချုပ်တတ်ဘူး...စိတ်ထဲရှိတဲ့အတိုင်းဝုန်းဒိုင်းကျဲပစ်တာ...သူဒေါသထွက်ပြီးရင်လဲ စိတ်ပြေမြန်တယ်..တစ်ခုပဲ သူ့စိတ်ကိုမချုပ်ထားတတ်တော့ အဲ့ခဏလေးမှာပဲပြဿနာတွေ တန်းစီသွားတာ..."

"ညွှန်းစကားကိုတော့အလေးထားတယ်မလား..."

"ဘယ်ကလာ မမရယ်...ချေ တစ်ခြားအချိန်တွေမှာခံမပြောနားမထောင်တတ်ပေမယ့်..သူဒေါသထွက်ချိန်ဆို ညွှန်းလဲဝင်မဆွဲရဲဘူး..."

"ခုနတုန်းက ညွှန်းကိုဘာမှပြန်မလုပ်ဘူးလေ..."

"အဲ့တာ သူမှစိတ်မဆိုးတာ...သူမှန်ရင်သည်းမခံဘူး...သူ့အရှေ့မအမြင်မတော်ရင်လဲ ငါ့အသိမဟုတ်တာငါနဲ့မဆိုင်ဘူးဆိုပြီး ဥပေက္ခာပြုပြီးရှောင်သွားတတ်သူမဟုတ်ဘူး..."

"သြော်.."

"တစ်ခါရှိသေးတယ်..ညွှန်းတို့အလုပ်သင်စဆင်းတုန်းက..အရေးပေါ်ဌာနမှာကျတာ..ယာဥ်တိုက်မှုတစ်ခုဖုန်းဝင်လာတယ်..အရေးပေါ်ဆိုတော့ ချေက ကားမောင်းတဲ့ဦးလေးကိုမစောင့်တာ့ပဲကိုယ်စားကားဝင်မောင်းပေးတာ...လူနာတင်ပြီးအပြန်..ညွှန်းလဲအထဲမှာ လူနာကိုအောက်ဆီဂျင်ပေးနေရတာ..မီးတန်းဖွင့်ထားတာတောင် Ambulance car ရှေ့ပိတ်ရပ်မောင်းနေလို့တဲ့ စိတ်တိုပြီး အနောက်ကနေဝင်တိုက်ပစ်တာ...အရှေ့ကားကလဲခပ်ရိုင်းရိုင်းပဲပြဿနာရှာတာပေါ့ ချေက ဘာမပြောညာမပြောနဲ့ကားရပ်ပြီးဆင်းထိုးတာ..သူ့ကိုအထဲအတင်းဝင်ခိုင်းပြီး ညွှန်းက ကားမောင်းပြန်ခဲ့ရတယ်...တော်သေးတယ်အဲ့နေ့ကလူနာအသက်ရှင်ခဲ့လို့ ညွှန်းတို့ ဆေးသိပ္ပံလက်မှတ်မျှော်လင့်လို့ရသေးတာ...အဲ့တာတောင်ကျောင်းတစ်လနားခံရတယ်..."

ညွှန်း ပြောပြတာ ဘေးကနားထောင်နေရင်း ဟူးခနဲ့သက်ပြင်းကလေးချနေမိတာ ကိုယ်။

"သူ့စိတ်ဓာတ်နဲ့ မြန်မာပြည်စရိုက်နဲ့ကနေ့တိုင်းပြဿနာဖြစ်မယ်ကိန်းပဲ..."

မ [ Uni🔛Zaw ]Where stories live. Discover now