အပိုင်း ၃၄

229 24 4
                                    

unicode

"ထိပ်ထိပ်..."

"ဘာလဲ..."

"ငါ့ကို လွတ်ပေး..."

"ဟူး..မဏ္ဍိုင်ရယ်..ငါ့လဲ အေးဆေးနေခွင့်ပေးပါဦး..ခဏလေး ငြိမ်ငြိမ်လေးနေစမ်းပါ...နားပူလိုက်တာဟယ်..."

"ငါ့ကို လွှတ်နော်..."

"ငါလုပ်ပေးလို့မရတာ နင်သိပါတယ်...နင့်ပါးစပ်ပါ ပိတ်မထားချင်ဘူး...ငြိမ်ငြိမ်နေ..."

"အား..လွှတ်...ခုလွှတ်...ထိပ်ထိပ်..."

အားကုန်ထိ ဟစ်အော်လိုက် ရုန်းကန်လိုက်နဲ့ air con ဖွင့်ထားတာတောင် လူတစ်ကိုယ်လုံးချွေးတွေနဲ့။ရုန်းလွန်းလို့လဲ လက်ကောက်ဝတ်တွေ ခြေကျင်းဝတ် အသားတွေနာလှပြီ။

မျက်နှာတစ်ပြင်လုံး မှဲ့တစ်ပေါက်တောင် မစွန်းထင်းစေနဲ့လို့ အမိန့်ထုတ်ထားလို့သာ ပါးစပ်ပေါက်ဖွင့်ပေးထားတာ။

ဒေါသထွက်လိုက်တာ။ကိုယ့်မိသားဝင်တွေက ကိုယ့် စိတ်ကိုနားမလည်တတ်တာလောက် စိတ်တိုရတာရှိဦးမလား။ကြက်ကလေး ငှက်ကလေးတွေလို လူတစ်ယောက်ကို လှောင်အိမ်ထဲထားချင်တာ။

ကိုယ့်ဘဝမှာ တိရိစ္ဆာန်လေးတွေ အပေါ်တောင် ဒီလိုမပြုမူ ရက်ဘူး။

"ထိပ်ထိပ်..."

"Shut up...မဏ္ဍိုင်..."

"နင်တို့ ငါ့ကို ဒီလိုလုပ်ခွင့်မရှိဘူးနော်..."

"နားလည်စမ်းပါ..ငါလုပ်တာမဟုတ်ဘူး..."

"နင်မဟုတ်ရင် ငါ့အခုလွှတ်ပေး..."

"ကျွတ်...သော့က မေမေကိုယ်တိုင်ယူထားတာ နင်သိတယ်လေ...ငြိမ်ငြိမ်လေးပဲ နေစမ်းပါ..."

"ခုတ်ဖြတ်ပေး...အဲ့ခေါင်းက ခုချိန်ကျမှ ဘာလို့အရမ်းလိမ်မာသွားရတာလဲ..."

"ငါ မလွှတ်ချင်လို့ပေါ့..ဒီတစ်နေ့နင့်ကို ထိန်းထားနိုင်ရင် မေမေက ဘန်ကောက်ကသူ့ကုန်တိုက် ငါ့ပေးမယ်တဲ့...နင် ငြိမ်ငြိမ်လေးနေ..ထပ်အော်နေရင် အဲ့ပါးစပ်ပေါက်ပါ ပိတ်ရလိမ့်မယ်..."

"ငါ့အပေါ် လုပ်ရက်တယ်ပေါ့...နင်.."

"shit..နားလည်စမ်းပါ မဏ္ဍိုင်ရယ်..နင့်ကို ငါလွှတ်ပေးလိုက်ရင် ခု နင်ထိုင်နေတဲ့နေရာမှာ ငါခြေတုပ် လက်တုပ် အခတ်ခံနေရမှာပေါ့...

မ [ Uni🔛Zaw ]Where stories live. Discover now