အပိုင်း ၃၀

256 20 4
                                    

unicode

ည ၉ နာရီအချိန်ဆိုတော့ မြူတွေပိုဆိုင်းလာပြီ။ဘက္ထရီအားလဲကျလာပြီမို့ မီးသီးလုံးပိတ်ထားလိုက်ရသည်။ပင်ယံက ရွှေလကတော့ သာနေမြဲ ထိန်နေဆဲမို့ တော်သေးတာပေါ့။

နှစ်သစ်ရောက်ဖို့ကလဲ နောင် ၃နာရီလောက်လိုနေသေးသည်။အေးသထက်အေးလာပြီမို့ အနွေးဓာတ်အားပိုလိုအပ်လာပြီ။မီးဖိုအရှိန်ထပ်မြင့်ရဖို့ ထင်းတုံးကြီးတွေ ထပ်ထည့်ရသည်။

"မလေးအိမ်ရေ..ကျက်ပြီထင်တယ်..."

နှင်းနုက အနားကိုအပြေးလေးရောက်လာတယ်။ သူကင်နေတဲ့ကြက်သားကင်က အနံ့မွှေးမွှေးလေး အငွေ့တလူလူထွက်နေတာ အရသာရှိမယ့်ဖြစ်ခြင်း။

"မွှေးနေတာပဲနော်..."

"အင်း..."

အသားတဖဲ့ယူကာ မြည်းကြည့်လိုက်တယ်။ဝိုး..နူးညံ့ပြီး ရနံ့မွှေးမွှေးလေးနဲ့ လျှာကိုထိထိမိမိခလုတ်တိုက်ပြီး လည်မြိုထဲဆင်းသွားတာ။ဂျပန်စတိုင် ကင်ခိုင်းထားတာမို့ ချေ ကြိုက်မှာပါ။ညနေစာ မစားတတ်တဲ့ ကလေးမို့ အားရှိအောင် အသားများများစားစေချင်တာ။

"ok..စားလို့ရပြီ..."

"မြိုးသားလေးကို သွားပေးလိုက်ရမလား..."

"အင်း..သူမကြိုက်ရင် အတင်းမကျွေးနဲ့နော်...နှင်းနုပဲ များများစားလိုက်..."

"မလေးအိမ်ရော ကြိုက်လား..."

"ကြိုက်တာပေါ့...သွားစားနင့်..ဒါလေးတွေကင်ပြီးရင် လာခဲ့မယ်..."

"ဟုတ်..."

နှင်းနု ပြေးထွက်သွားတာနဲ့ သောက်လက်စအချိုရည်ဗူးကို မြေပေါ်ပစ်ချလိုက်တယ်။အေးလာပြီမို့ မသောက်နိုင်တော့ဘူး။မီးသွေးရဲရဲလေးတွေပေါ်က ကျက်ပြီးအရောင်ပြောင်းလာတဲ့ အကင်လေးတွေ တခုပြီးတစ်ခု ကောက်ယူပြီး ဗန်းထဲစီထည့်လိုက်တယ်။သစ်သီးအကင်လေးတွေမို့ အကျက်လွယ်ပေမယ့် ပင်လယ်စာလေးတွေတော့ ခဏစောင့်ရဦးမယ်။

"ဒီမှာ..တောကြက်ကင်..စားလို့ရပြီ..."

ကိုယ့်ရှေ့တည့်တည့် လာထောင်ပြနေတာမို့ သေသေချာချာကြည့်ဖြစ်တယ်။မီးမြိုက်ထားတာဆိုတော့ အသားနီနီလေးတွေဖြစ်နေပေမယ့် ရနံ့ကတော့ အသားမကြိုက်တဲ့ ကိုယ့်ကိုတောင် စားကြည့်ဖို့ညို့ငင်နိုင်လွန်းတယ်။ဘယ်လိုကင်ထားလဲ မွှေးလိုက်တာ။

မ [ Uni🔛Zaw ]Where stories live. Discover now