unicode
အလင်းရောင်မကြိုက်တဲ့ ကျွန်တော့်အခန်းလေး။မှောင်မှောင်မဲမဲ ခြောက်ခြားဖွယ် piano သံစဥ်တစ်ပုဒ်နဲ့ ဒီအထီးကျန်မှုက လူနဲ့အတော်လေး ယဥ်ပါးကာ အသားကျနေပါပြီ...။
ခရမ်းရောင်မီးချောင်း အလင်းပျပျကိုမှ အဖော်ပြုပေးနေတဲ့ ဂီတ။ကျွန်တော် အနှစ်သက်ဆုံး မနားတမ်းဖွင့်ထားတတ်တဲ့ လွမ်းလွမ်းဆွေးဆွေး တေးသီချင်းတစ်ပုဒ်။
အမှောင်နဲ့ကြီးပြင်းလာတဲ့ ကျွန်တော်။တိတ်ဆိတ်ငြိမ်သက်မှုကိုမြတ်နိုးလွန်းလို့ ဘဝတစ်ခုလုံး ခြောက်ကပ်ကပ် အထီးကျန်သွားခဲ့ရသည့် ကျွန်တော်။ကိုယ့်ကံနဲ့ ကိုယ်ပါပဲလေ။
အမှောင်ထဲမှာ ခဲတံလေးတစ်ချောင်းလက်ကြားညှပ်၊စာရွက်ဖြူဖြူတစ်ရွက်ပေါ် စိတ်ကူးပေါက်ရာလေးတွေ စိတ်ရှည်ရှည်နဲ့ခြယ်မှုန်းနေမိတဲ့ ကျွန်တော်။ခုတလော စိတ်ဝင်တစား စိတ်နစ်ထားမိတဲ့ နောက်ထပ်ဝါသနာပါရာတစ်ခု။
ဘွဲ့ယူပြီးပြန်လာတည်းက အပြင်သိပ်မထွက်ဖြစ်တော့သလို၊ဓားရေးလဲ သွားမဆော့ဖြစ်တော့ဘူး။မ'နဲ့လဲ စာသင်ချိန်လောက်ပဲ တွေ့ဖြစ်ပြီး အခန်းအောင်းနေတာများသည်။မ' တစ်ယောက် ဘယ်အချိန်အိမ်ပြန်လဲ၊ဘယ်အချိန်ရောက်လာလဲ စိတ်မဝင်စားမိဘူး။
မ' တစ်ယောက် သိသိသာသာ စကားနည်းပါးသွားသလို ကျွန်တော်လဲ တရင်းတနှီးမနေဖြစ်ကြတော့ဘူး။မ'မျက်လွှာမြင်တိုင်း မနေနိုင် မထိုင်နိုင် ဖောက်ပြားချင်တဲ့ စိတ်ရိုင်းတွေ ယဥ်ပါးဖို့ လုပ်ယူသင့်ပြီ။
ကျွန်တော်ရဲ့ မရိုးသားတဲ့ခံစားချက်တွေ ဖျောက်ပစ်ဖို့ အချိန်တစ်ခုလိုတယ်လေ။ပိုပြီး တိတ်တိတ်ဆိတ်ဆိတ် နေချင်မိတယ်။
ရည်စားမရှိပဲနဲ့ အသဲကွဲနေတဲ့ ကျွန်တော်က တကယ်အရူးကြီးတစ်ယောက်နဲ့တူနေတယ်မလား။အချစ်နတ်ဖုရားက ကျွန်တော့်အတွက် မတရားလိုက်တာ။ဝဋ်ကြွေးတွေပဲ ဖြစ်ပါစေတော့...။ဒီအတိုင်းလေးပဲ လက်ခံလိုက်ပါသည်...။
ခုလောက်ဆို မ'တို့လဲ တရားရုံးမှာ မင်္ဂလာလက်မှတ်ရေးထိုးပြီးလောက်ပြီပေါ့။ကိုယ်မသွားချင်မှန်းရိပ်မိလို့လဲ တကူးတက မခေါ်တော့တာဖြစ်မယ်။
YOU ARE READING
မ [ Uni🔛Zaw ]