အပိုင်း (၁)

488K 13K 1.1K
                                    

      " လွမ်းအဂ္ဂညို  "

ဆံနွယ်ရှည်တွေအား ဖဲပြားကြိုးဖြင့်စည်းနှောင်ရစ်ပတ်လို့ နံဘေးရှိကပိုကရိုဖြာကျနေသော ဆံနွယ်မျှင်မျှင်လေးတွေအထိ ထိုအမိလေးမှာလှရက်၏။

  " ကိုယ်နားထောင်နေပါတယ် မနန္ဒာ"

မျက်တောင်ရှည်တွေမှာငိုက်စိုက်ကျလို့ သက်ပြင်းသေးသေးလေးချကာသိမ်မွေ့လေသောအမူယာလေးဖြင့် မြတ်နိုးရလေသော အမိလေးက စကားကိုဆိုလေ၏။

   " တို့ လမ်းခွဲကြရအောင် ။ ရည်ငံခဲ့ကြတဲ့ကာလတပတ်လုံး တို့လွမ်းအဂ္ဂညိုကို ချစ်ခဲ့ပါတယ် "

   " ဒါနဲ့များ ဘာကြောင့်လမ်းခွဲရတာလည်း မနန္ဒာရယ် ။ အကြောင်းပြချက်လှလှကလေး ပေးလှည့်ပါအုံး "

မတွေးမိတာတော့မဟုတ်ချေ။ ရှေးရိုးစွဲမိသားစုမှဆင်းသက်လာသော မနန္ဒာတို့၏ မိဘတွေမှာ မင်းမျိုးမင်းနွယ်ဟူသော ရှေးအတွေးအခေါ်များဖြင့် မြင့်မားလေသောမျိုးရိုးမြင့်မိသားစုများဖြစ်ကြ၏။

မနန္ဒာ၏အချစ်အားလွယ်လွယ်ကူကူသူရခဲ့တာမဟုတ်။ ထို့ကြောင့် လက်လွှတ်ရမှာလည်းသူကြောက်သည်။

   " မယ်မယ်ကြီးသဘောတူတဲ့သူနဲ့ တို့ယူရလိမ့်မယ် ။ မိသားစုစည်းမျည်းတွေရဲ့ ပြစ်ဒဏ်ကို တို့မခံယူဝံ့ဘူး လွမ်းအဂ္ဂညို  " 

  " ချစ်တာနဲ့ အပြစ်ဒဏ်ဖြစ်ရသလား မနန္ဒာရယ် ။  ကိုယ့်အတွက်ကျတော့ရော  " 

ချာခနဲလှည့်ထွက်တဲ့အခါဆံနွယ်တွေမှာလေတွင်ဝေ့လို့ ရင်အစုံအားပြင်းထန်စွာရိုက်ခတ်မိ၏။

ရင်အားခြေစုံကန်လို့ထွက်သွားလေသောငှက်မလေးအားကြည့်လို့ အသည်းကွဲခြင်းများစွာဖြင့်ကျန်ရစ်ခဲ့လေသော သစ်ပင်မှာ သူသာ။

အသည်းကွဲရောဂါမှာ ဆိုးရွားလို့ အရက်ဆိုင်ထဲ ကမ္ဘာတည်မိတဲ့အခါ ကန်ထွက်လာသောစကားတိုင်းက ထိုမိန်းမလှလေးအကြောင်းသာ ။

မမုန်းနိုင်ခဲ့ ၊ မမုန်းရက်ခဲ့ ။ ထားခဲ့လေသောမေတ္တာတိုင်းမှာ စစ်မှန်လေတာ နာကျင်နေတဲ့ ကိုယ့်ရင်ကသက်သေပေါ့မနန္ဒာရယ်  ။  

My Bad Husband Where stories live. Discover now