အခန်း ( ၂၂)

125K 7.8K 1.1K
                                    

လွမ်းအဂ္ဂညိုရောက်ကတည်းက နှိုင်းတုမဏိအငြိမ်မနေပဲ ဟိုဟိုသည်သည် အကုန်လျှောက်လုပ်နေကာ ထိုလူဖြင့်မျက်နှာချင်းမဆိုင်ချေ ။

   "  မဏိ   ကိုယ် အပေါ့သွားချင်လို့ "

"  ဟို ​ထောင့်က အခန်းက အိမ်သာ "

ကလေးတွေကုတင်ပေါ်မှ ဆင်းလို့ အိမ်သာအတွင်းထိုလူဝင်သွားကာမှ နှိုင်းတုမဏိသက်ပြင်းချလိုက်မိသည်။

ပေါင်လေးတွေကားလို့ မညီမညာအိပ်နေသော ကလေးနှစ်ယောက်မှာ ဟောက်သံလေးတွေပါထွက်လို့နေ၏။

ရှေ့သွားဖွေးဖွေးလေးတွေမှာ ချွန်ညှိလို့ ချစ်စဖွယ်လေးတွေပင် ။

    " ခင်ဗျားမပြန်သေးဘူး.... "

တခါးဖွင့်သံကြောင့်နောက်လှည့်ကြည့်စဥ်မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်နှိုင်းတုမဏိ တဖက်သို့မျက်နှာလွှဲလိုက်မိ၏။

ဗလာကျင်းနေသောအပေါ်ပိုင်းတွင် မွှေးမျှင်းတို့ဖြင့် , ထင်းထွက်နေသောဗိုက်သားရှိအမြှောင်းတွေမှာ ရေစက်တို့ရှိနေကာ အောက်မှခါးပတ်ဖြုတ်ထားသော ဘောင်းဘီမှာလဲအောက်သို့လျှောကျလို့ အတွင်းခံဘောင်းဘီတံဆိပ်ပင်မြင်တွေ့နေရပြီဖြစ်သည်။

  "  ကိုယ့်ကို အဝတ်တစ်ထည်လောက်ငှားပါလား မဏိ ရေပိုက်ခေါင်းကိုသွားတိုက်မိပြီးရေစိုသွားလို့ "

" ခင်ဗျားနဲ့ တော်မဲ့ဆိုဒ်မရှိဘူး "

လွမ်းအဂ္ဂညို၏အကြည့်မှာ စူးရဲလို့အမှောင်ယံတွင် အစာချောင်းနေသောသားရဲနှင့်တူ၏။

   "  အပြင်မှာလေတိုက်နေတာပဲ ချိတ်နဲ့ချိတ်ပြီးခဏလှန်းထားလိုက်မယ် ပေး! ခင်ဗျားအက်ျီ "

ဝရန်တာရှိ တန်းတွင် လှန်းရန်အပြင်သို့ထွက်ပြီး အက်ျီအားတစ်ချက်ခါလိုက်တဲ့အခါ ယောကျာ်းဆန်ဆန်ကိုယ်သင်းရနံ့မှာလေထုတွင်း ပျံ့ဝဲသွားသည်။

သုံးနေကျရေမွှေးလဲမပြောင်းလဲသလို ကြယ်သီးကိုညီညာအောင်မတပ်တက်သည့်အကျင့်လည်းမပြောင်းလဲချေ။

ထိုလူမှာ suit ဝတ်လျှင် ကြယ်သီးကိုအထက်ပိုင်းမှသုံးလုံးအထိဖြုတ်ထားတက်ကာ နက်ခ့်တိုင်ကို ဖြောင့်အောင်မချည်တက်သလို ကြယ်သီးကိုလည်းညီအောင်မတပ်တက်ချေ ။

My Bad Husband Donde viven las historias. Descúbrelo ahora