အခန်း ( ၃၄)

102K 6.8K 562
                                    

ကုတင်ပေါ်တက်လာလို့သူ့ဘေးကပ်ရို့ရို့ဝင်ထိုင်လိုက်တဲ့ သမီးလေး၏ ပုံကိုကြည့်လို့ လွမ်းအဂ္ဂညို ပြုံးလိုက်မိသည်။

   "  နာလား ဟင်  "

လွမ်းဧကရီညို လှုပ်ရှားမှုကင်းမဲ့နေသော လွမ်းအဂ္ဂညို၏ ခြေထောက်အားလက်ညှိုးသေးသေးလေးဖြင့်ထိလို့ ခပ်တိုးတိုးမေးလာ၏။

   "  မနာတော့ပါဘူးသမီးလေးရဲ့ "

ကျစ်ဆံမြှီးလေးအားအသာယာကိုင်လို့ ပါးအိအိလေးအား အူယားဖွယ်ဆွဲဖဲ့ကာဖြေလေသည် ။

ခေါင်းကိုထိတာမကြိုက်တက်သော ဧကရီမှာ လွမ်းအဂ္ဂညို၏ လက်ဖဝါးကျယ်ကျယ်တွေဖြင့် တယုတယပွတ်သပ်မှုအောက်ဝယ် ပျော်ရွှင်နေသည့်နှယ်။

   "  သမီးဖေကြီးကို ကြည့်   .. "

လွမ်းအဂ္ဂညိုအားထည့်ပွေ့ချီရင်း သမီးလေးအားရင်ခွင်ထဲထည့်ကာ ဆံပင်တွေအားပွတ်သပ်ပေးကာ နဖူးသေးသေးလေးထက်ခပ်ဖွဖွနမ်းလိုက်မိသည်။

   " ဖေကြီးခြေထောက်ဒဏ်ရာရတာ သမီးလေးကြောင့် လုံးဝမဟုတ်ဘူး အဲ့တာကိုသမီးလေးနားလည်ထားရမယ်နော်   ။ သမီးကိုယ်သမီး အပြစ်တင်တာမျိုးလုံးဝမဖြစ်ရဘူး   ။  ဒီတလောကလုံးမှာ  ဖေကြီးသမီးနဲ့ သားက အဖြူစင်ဆုံးပဲ "

  လွမ်းဧကရီညို ၏မျက်လုံးဝိုင်းဝိုင်းတွေထဲမျက်ရည်တွေပြည့်အိုင်လာလို့ နှုတ်ခမ်းလေးမှာ ထော်တက်လာသည်။

  " အဲ့နေက ဦးဦး တစ်ယောက်က မီးဆီ လာပြီး ဖေကြီးဓာတ်ပုံပြတယ် ပြီးတော့ ဖေကြီးခေါ်ခိုင်းတာလို့ မီးကိုပြောတော့ လိုက်သွားတာ "

"  ဖေကြီး  ... သမီးလေးက လိမ္မာလိုက်တာကွာ  ။  နောက်ဆို ဖေဖေရယ် ဖေကြီးရယ်ကလွဲပြီးဘယ်သူခေါ်ခေါ်မလိုက်သွားရဘူးနော်   " 

လွမ်းအဂ္ဂညို၏ စကားတွေအား မျက်ရည်လည်ရွှဲဖြင့်ခေါင်းငြိမ့်ပြရင်း ဖခင်လုပ်သူ၏ ရင်ဘက်အား ခေါင်းမှီနေလေသည် ။

  "  အရင်က ဖေကြီးကို ဘာလို့မခေါ်တာလဲဟင်  သမီး   " 

"  လူဆိုးလို့ထင်လို့   ။  ဖွားဖွားမြင့်ကပြောဖူးတယ်   ဖေဖေ့ဗိုက်က နာနာက ဖေကြီးကြောင့်ရတာတဲ့   " 

My Bad Husband Where stories live. Discover now