အခန်း(၅)

153K 9.3K 2K
                                    


ကျယ်ဝန်းသောခြံဝန်းကြီးတွင်း နှိုင်းတုမဏိ၏ အဆောင်ခန်းမှာလည်းအလွယ်ကိုကျယ်၏။ ရှေးခတ်အဆောင်အယောင်အပြည့်နှင့်အခင်းအကျင်းမှာ ခေတ်ဟောင်းအငွေ့အသက်အပြည့်နှင့် ။

" ငါဖိနပ်လဲချင်တယ် "

အိမ်၏အကူအဒေါ်ကြီးတွေမှာဒေါသထောင်းခနဲထလို့ ပြန်ပြောရန်ပြင်လိုက်သော်လည်း ဖိနပ်စင်မှ သင့်တော်ရာတစ်ရံကို ထိုအမျိုးသားရှေ့အလိုက်တသိချပေးသောမိမိတို့၏သခင်ငယ်လေးကြောင့် မှင်သက်သွားရသည်။

ထိုသတင်းအဖွားကြီးနားပြန်ရောက်မည်သိသော လွမ်းအဂ္ဂညိုကတော့ညစ်ကျယ်ကျယ်ပြုံးလို့ အိပ်ခန်းတွင်း ဘောင်းဘီအိတ်ကပ်နှစ်ဖက်ထဲလက်လျှိုသွင်းလို့ ဝင်ရောက်သွားလေသည် ။

" မဏိလေးရယ် ဒီလူက..."

" မပြောပါနဲ့တော့ ဒေါ်ဒေါ်ရယ် ။ သားထိုက်နဲ့သားကံပါပဲ နောက်ကျ သူလည်းဆင်ခြင်မှာပါ "

အိမ်တော်၏နှစ်ချို့ အကူအဒေါ်ကြီးမှာ သူ၏သခင်ငယ်လေး၏ ခပ်ပြုံးပြုံးမျက်နှာကြောင့် မကျေနပ်ချက်တွေကိုသာမျိုချလိုက်မိတော့သည်။

အခန်းတွင်းပြင်းထန်စွာရလေသောဆေးလိပ်နံ့ကြောင့် မဏိတံခါးတွေကိုစေ့စေ့ပိတ်ကာ လွမ်းအဂ္ဂညိုအား လှမ်းကြည့်လိုက်မိသည်။

" အိမ်တော်ထဲမှာ အရက်သေစာ မူးယစ်စေဝါး သုံးခွင့်မရှိဘူး ကိုအဂ္ဂ။ မယ်မယ်ကြီးသိရင် အပြစ်ကျလိမ့်မယ်"

" သူက ငါ့ကိုဘာလုပ်ရဲမှာတဲ့လဲ "

ပိတ်ထားသောပြတင်းပေါက်အားဖွင့်လို့ ထင်သာမြင်သာရှိအောင်တမင်သောက်ပြနေလေသော ထိုအမျိုးသားကြောင့် နှိုင်းတုမဏိလက်သီးသာတင်းတင်းဆုပ်လိုက်မိလေသည်။

လွမ်းအဂ္ဂညို၏ ဆေးလိပ်တစ်လိပ်ပင်မကုန်သေးချေ တံခါးခေါက်သံမှာထွက်ပေါ်လာလို့ အိမ်တွင်းအကူတစ်ယောက်မှာ မျက်နှာမသာမယာနှင့် မဏိအားကြည့်လေသည်။

" သွားနှင့်ပါ ။ ခဏနေ လိုက်ခဲ့ပါ့မယ် "

ချည်သားလုံချည်မှာအနည်းငယ်ထူတာကြောင့် သာမာန်ပုဆိုးသားကိုလဲရင်းကျောပေးလို့ဆေးလိပ်ဖွာနေသောထိုအမျိုးသားတစ်ချက်ကြည့်ကာ နှိုင်းတုမဏိ ခမ်းမအဆောင်ဆီခြေဦးတည်လိုက်လေသည် ။

My Bad Husband Where stories live. Discover now