အခန်း ( ၃၀)

118K 7.2K 740
                                    

နှိုင်းတုမဏိ မူကြိုကျောင်းရှေ့ရောက်တာနှင့် သစ်ပင်တစ်ပင်အောက်တွင်အချိန်တော်ကြာရပ်ထားသည့်ကားအားသတိထားမိလေသည် ။

တစ်နေ့လျှင်ကားတစ်စီးကတော့ ဤပတ်ဝန်းကျင်တွင် ရှိနေတက်သည် ။
 
   " မဏိ  တစ်ခုခုဖြစ်လို့လား  "

ဒရိုက်ဘာဦးလေးမှာဘေးဘီသို့အကြည့်ပို့ရင်း မေး၏။  နှိုင်းတုမဏိ မျက်လွှာချကာ ခေါင်းသာခါပြလိုက်သည်။ 

   "  ဖေဖေ   ...  " 

သားလေးအားလှမ်းခေါ်လိုက်ရင်း နှိုင်းတုမဏိ မျက်မှောင်ကြုတ်လိုက်မိသည်။

   "  ဧကရီရော သား   " 

လွမ်းဧကညို၏ပခုံးနှစ်ဖက်ကိုဆုပ်ကိုင်ထားသော နှိုင်းတုမဏိ၏လက်တွေတုန်ယင်နေပြီဖြစ်သည် ။

  "  အရပ် ချေချေနဲ့ ဦးဦးလာထော်သွားတယ်  " 

သမီးလေး၏ စိတ်နေစိတ်ထားနှင့်ဆို လူစိမ်းဘယ်တော့မှကပ်၍ရမည်မဟုတ်ချေ  ။ 

နှိုင်းတုမဏိအံကိုတင်းတင်းကြိတ်လို့ ကားလမ်းတစ်ဖက်ဆီ ကူးလိုက်ကာသစ်ပင်အောက်မှ ကားထံလျှောက်လှမ်းသွား၏။

သားလေးအားပွေ့ချီလို့ သူရှိရာကားဆီလှမ်းလာနေသော မဏိကိုမြင်တဲ့အခါ လွမ်းအဂ္ဂညို၏မျက်ဝန်းတွေမှာလင်းလတ်သွား၏။

   "  မဏိ  ကိုယ့်ဆီလာ  ....  "

ဖြောင်း   ... 

ရုတ်တရက်မို့ လွမ်းအဂ္ဂညို၏ မျက်နှာမှာအထိန်းကွပ်မဲ့လည်ထွက်သွား၏။ ကားတွင်းမှမြင့်မြတ်သူမှာလည်း တံခါးဖွင့်အပြေးဆင်းလာကာ အထိတ်တလန့်နှင့်ပင်  ။ 

   "  သမီးကို ပြန်ပေး  ။ ကျွန်တော့်သမီးကိုပြန်ပေးလို့   ...  " 

  "  ကိုယ်ဒီမှာ အစားတောင်မစားပဲ ထိုင်စောင့်နေတာ ဘယ်နှရက်ရှိပြီလို့ မင်းထင်လဲမဏိ ။ ဒါပေမဲ့ ကိုယ်ကလေးတွေအနားကပ်တောင်မကပ်ခဲ့ဘူး  ...  " 

နှိုင်းတုမဏိ၏နှုတ်ခမ်းတွေမှာတဆက်ဆက်တုန်ယင်လာလို့  မျက်ဝန်းပြာမှ မျက်ရည်တွေကလည်းစီးကျလာ၏။ 

သမီးလေးသာ တစ်ခုခုဖြစ်ရင်ဆိုတဲ့အတွေးနဲ့တင်  သူ့တစ်ကိုယ်လုံးအားအင်တွေဆုတ်ယုတ်လာပြီဖြစ်သည်။ 

My Bad Husband Where stories live. Discover now