အခန်း ( ၁၈)

130K 7.7K 673
                                    

အချိန်မှာ ညရှစ်နာရီလောက်ပင်။ မှောင်မည်းနေတဲ့ကောင်းကင်ယံထက်ဝယ် ကြယ်သေးသေးလေးတွေမှာမှိန်ပျယ်ပျယ်နှင့် ။

အဝေးဆုံးခရီးကိုသူထွက်လာခဲ့ပြီးပြီ။ အမျိုးသမီးဝတ်တွေမှာ သူ့အတွက်စိမ်းသက်နေခဲ့သော်လည်း ကြောက်စရာသားရဲတွင်းမှ သူလွတ်မြောက်ခဲ့ပြီဖြစ်သည်။

သူနာပြုလေးပေးလိုက်သော ပိုက်ဆံတစ်သောင်းတန်မှာ ကားခ ငါးထောင်သုံးပြီးတာနှင့်ခပ်နွမ်းနွမ်းတစ်ထောင်တန်တွေသာကျန်တော့သည်။

လမ်းဘေးဆိုင်တွေမှာသိမ်းစပြုနေပြီဖြစ်ကာ ထည်ထည်ဝါဝါဆိုင်တွေထဲလည်းသူမဝင်ရဲချေ ။

ကိုယ်ဝန်ဆိပ်ကြောင့် ခြေနှင့်လက်တွေမှာဖောရောင်လို့ မသက်သာသေးသောဒဏ်ရာတွေမှာလည်း ကားစီးထားတာကြောင့်ပါနာကျင်နေလေသည်။

လက်ထဲရှိပိုက်ဆံငါးထောင်အားတင်းတင်းဆုပ်လို့ ဗိုက်ပူပူထက်လက်တင်လိုက်မိသည် ။

    "  ဖေဖေ့ ကလေးလေးတွေ  ... တောင်းပန်ပါတယ်....   "

အသံတိုးတိုးအက်အက်ရှ ခံစားချက်အစုံအလင်ကြောင့်တုန်ယင်နေ၏။
လူမှာတစ်ချက်မိုက်ခနဲဖြစ်အခိုက်လဲကျတော့မလိုဖြစ်ကာ ဘေးသို့ယိုင်ကျသွားခဲ့သည် ။ 

  "  ဟဲ့  ... ဟဲ့  ကလေးမ အဆင်ပြေရဲ့လား   "

ဆိုင်ကယ်ဘေးတွဲပေါ်မှဆင်းလာသောအမျိုးသမီးကြီးမှာ ဝ ဝ ဖိုင်ဖိုင်ကြီးဖြစ်ကာ ကိုယ်အလေးကြောင့်လမ်းလျှောက်တဲ့အခါ လှုပ်လီလှုပ်လဲ့ ဖြစ်နေ၏။

   "  ဟဲ့  သောတ လာစမ်း  ဆိုင်ကယ်ပေါ်တင်   " 

" ဟာ  ... အမေရာ ဘာမှန်းမသိပဲ "

"  မအေဘေးရယ် ရှည်လိုက်တာ ငါကတင်ဆိုတင်လိုက်ပေါ့ "

အမျိုးသမီးကြီးမှ လက်ရွယ်လို့ဟန်ပြင်တဲ့အခါ လူငယ်မှာစူပုတ်ပုတ်နှင့် နှိုင်းတုမဏိ၏ဘေးရောက်လာခဲ့သည်။

ကိုယ်ဝန်နှင့်တောင် ပွေ့လိုက်တဲ့အခါအလေးချိန်မှာအလွန်ကိုပေါ့ပါး၏။

မူးဝေနေသော မဏိမှာ အသံတွေသာဝိုးတဝါးကြားလို့ ဘာဆိုဘာမှတုံ့ပြန်နိုင်စွမ်းမရှိပဲ လက်ထဲကပိုက်ဆံလေးတွေအားတင်းတင်းသာဆုပ်ထားလေသည်။

My Bad Husband Where stories live. Discover now