အခန်း ( ၁၇)

131K 7.7K 444
                                    


Author Note:

ရှေ့တည့်တည့်ကြီးမှာ ပြူးပြူးကြီး နုတ်ကိုထည့်မိတဲ့အတွက် အားနာရပါတယ်ရှင် ။

ဖတ်နေရင်း သို့လော သို့လောတွေဖြစ်နေမှာဆိုးလို့ပါ ။ ဒီဇာတ်လမ်းမှာပါဝင်တဲ့ အကြောင်းအရာတွေက ဘလူးရဲ့စိတ်ကူးတစ်ခုပါပဲ ။

ဖတ်လို့ကောင်းအောင် ဉာဏ်ကွန့်ပြီးတီထွင်ထားတဲ့ဇာတ်အိမ်မှာ အကြောင်းအရာတွေက သေချာပေါက်ကိုအပြင်လောကနဲ့ ကွဲထွက် ကွာခြားနေတာတွေရှိနိုင်ပါတယ် ။

ဥပမာဆိုရရင် ကိုယ်ဝန်ဆောင်တာ၊ ကလေးမီးဖွားတဲ့အခါ ဘလူးရေးမှာနဲ့ပတ်သက်ပြီး အကြောင်းအရာတွေလိုမျိုးပေါ့ ။

မဖြစ်နိုင်တာမျိုးတော့မဟုတ်ပေမဲ့ သေချာပေါက်ကြီးလဲ ဒီလိုတော့မဟုတ်ဘူးပေါ့လေ ။

  မရှင်းလင်းတဲ့အကြောင်းအရာနဲ့ ရှုပ်နေသေးတဲ့ ဇာတ်အိမ်ကိုလဲ ဘလူးကသေချာရှင်းပါ့မယ်  ။

အမွှာလေးတွေ ပါနိုင်မယ်ထင်ခဲ့ပေမဲ့ ဒီအပိုင်းမှာ က​လေးလေးတွေမပါသေးပါဘူးရှင် ။

ဒီလိုပဲ နောက်ပိုင်းမှာနည်းနည်းလေး ဇာတ်အိမ်က Changes ဖြစ်စရာ​လေးတွေရှိနိုင်တာကြောင့် လောင်ရလွန်းလို့ drop မပစ်ဖို့တောင်းဆိုလို့ရမလား ဟင်။

စကားတွေရှည်နေပါပြီရှင်  ။

ပြောစရာ​လေးတွေလဲကုန်ပြီဆိုတော့ စတင်ဖတ်ရူနိုင်ပါပြီ ရှင့် ^^

      × ×    ×

" အနှိုင်းမဲ့   "

ငါျးပေနီးပါးလောက်သာရှိသော ကောင်ငယ်တစ်ယောက်ဖြစ်သည်။ နုနယ်လွန်းလို့လေတိုက်ရင်တောင် ပွန်းပဲ့မယ်လို့တောင်ထင်ချင်စရာ ။

လက်ထဲတွင် သုံးနှစ်အရွယ် က​လေးသေးသေးလေးရှိလို့ ထိုကလေးတွင် ထူးထူးခြားခြားမျက်ဝန်းပြာတွေလည်းရှိသည် ။

   " အကြီးအကဲတွေစီစဥ်တဲ့အတိုင်းပဲ ဒီကိုယ်ဝန်ကိုရကတည်းက ဖျက်ချမလား ကလေးသုံးနှစ်ပြည့်တာနဲ့ မွေးတဲ့လူကအပြစ်ခံယူမလားဆိုတဲ့ နှစ်ခုထဲ မင်းရွေးတဲ့လမ်းကို မင်းဆုံးအောင်လျှောက်  တော့  " 

My Bad Husband Donde viven las historias. Descúbrelo ahora