အခန်း ( ၁၃)

139K 8.6K 2.7K
                                    


' နာကျဥ်းလို့ မခေါ်မပြောလဲ  အချစ်များသူ့ဆီမှာ  ' 

ခပ်တိုးတိုးပျံ့လွင့်နေသောသီချင်းသံမှာအခန်းတွင်း မှအလွမ်းဓာတ်အား ပိုမို အားဖြည့်နေသယောင်ပင် ။

အံဆွဲထဲမှ ဆေးထုတ်အားကြည့်လို့ နှိုင်းတုမဏိ အရာရာကိုတွေးဆချင့်ချိန်ရင်း ပြတင်းပေါက်ဘောင်တွင် လျော့ရဲစွာ ငြိမ်သက်နေလေသည် ။

  ခေါက်ရိုးအတိုင်း ညီညာစွာရှိနေသော စာ​လေးတွေမှာ ခဏခဏထုတ်ဖတ်ခံရခြင်းကြောင့် နွမ်းလျလို့နေပြီဖြစ်သည်။

ခေါက်ဖာလေးထဲ စနစ်တကျထည့်သိမ်းခံထားရသော် စာရွက်လေးမှာ အဖိုးတန်ကျောက်မျက်ရတနာတစ်ခုလို နှိုင်းတုမဏိ၏ လက်ထဲတွင် ရှိနေခဲ့သည်။

   ပြန်တွေးတိုင်း ချိုမြိန်တဲ့အတိတ်ဆိုသော်လည်း ပျားရည်စမ်းထားသောဓားထက်ထက်တစ်လက်လိုပင် ။

တစ်စုံတစ်ယောက်ကိုချစ်ရတာ ဘာလို့များဒီလောက်အထိ နာကျင်ရတာပါလိမ့်။

အိမ်တော်ပြန်ရောက်ကတည်းက တမှိုင်မှိုင်ဖြစ်နေသော်မဏိအား ဒေါ်ဒေဝီမှာ မျက်စောင်းတခဲခဲဖြစ်နေလေသည်။

    "  မဏိ   ဘာဖြစ်နေတာလဲ "

"  နည်းနည်း နုံးနေလို့ပါ မယ်မယ်ကြီး "

နှိုင်းတုမဏိ၏ ပုံစံမှာနွမ်းလျလို့ အလွန်ပင်ပန်းနေဟန်ပင် ။ ဖြူဖပ်ဖြူလျော်ဖြစ်နေကာ မျက်ဝန်းပြာတွေမှာလဲအရောင်မဲ့နေ၏။

   "  ဟိုအကောင်ဘယ်သွားလဲ  "

"  အစည်းအဝေး စောစော သွားရမယ်ဆိုလို့   ....  " 

ကျယ်ဝန်းသော အိမ်တော်ကြီး၏ တစ်ဖက်အဆောင်၏ ပြတင်းတံခါးမှ မြင်သာရုံပွင့်ဟနေခဲ့သည်။

နှိုင်းတုမဏိ၏ အကြည့်တွေမှာ ထိုနေရာကိုရောက်သွားသည်နှင့် မျက်ဝန်းမှာ ဂဏာမငြိမ်တဲ့အထိဖြစ်သွားလို့ နောက်သို့တစ်ချက်ယိုင်နဲ့သွား၏။

မမ၏ အိမ်ဆောင်ကုတင်ပေါ်တွင် ထပ်လျက်အနေအထားဖြစ်နေသော အကိုအဂ္ဂနှင့် နန္ဒာ   ။ 

မယ်မယ်ကြီး၏မျက်နှာမှာမည်းမှောင်လို့ ရုတ်ချည်းပင် စိမ်းပုပ်ရောင်သမ်းသွားသလိုပင် ။

My Bad Husband Where stories live. Discover now